မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုကိုမတောင်းဘဲနဲ့ ပြည့်ဝသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများရိုက်ကူးရာမှတစ်ဆင့် ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်လာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိလွန်းတဲ့ ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်ရဲ့ သူမရဲ့ ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာပါ။

Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account

ဘေဘီမောင် လတ်တလော အနုပညာလှုပ်ရှားမှုတွေ မရှိသေးပေမယ့်လည်း ကြော်ငြာလေးတွေတော့ လက်ခံရိုက်ကူးပေးနေရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် အထည်မျိုးစုံကို Live လွှင့်ကာ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ရောင်းအားတက်လာတာကြောင့် တစ်ပိုင်တစ်နိုင်ဆိုင်လေး တစ်ဆိုင်လည်း ဖွင့်လှစ်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဘေဘီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သပ်ရပ်ခမ်းနားပြီး လှပအောင်ပြင်ဆင်ထားတဲ့ သူမရဲ့ကိုယ်ပိုင်ဆိုင်လေးကိုပြသလိုက်တဲ့ ဘေဘီမောင်ရဲ့Video လေးပဲ ဖြစ်ပါတယ်။သူမကလည်း " အိုးမကွာအိမ်မကွာလေး တစ်ပိုင်တစ်နိုင်စီးပွားရေး

အမြည်းလေးပါ မှာထားတဲ့ပစ္စည်းတွေ ဒင်းပြည့်ကျပ်ပြည့်ထည့်ဖို့ကျန်သေးတယ်

ငဗစ်အခြေနေကြောင့် မဖွင့်သေး အခြေနေကောင်းရင် ဆိုင်ဖွင့်ပွဲလေးလုပ်မယ်နော်" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဆိုင်ပုံစံဗီဒီယိုလေးကိုပါ တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Baby Maung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။