ပရိသတ်ကြီးရေ သံစဉ်မောင်ကတော့ modelတစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်နော်။သံစဉ်မောင်က ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေက တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်။သံစဉ်မောင်က အစ်မကောင်းတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားလို့ အမြဲလိုလေသေးမရှိအောင် နေထိုင်နေရတာဖြစ်ပါတယ်နော်။

Photo Credit:Than Sin Maung's Facebook Account
Photo Credit:Than Sin Maung's Facebook Account

သံစဉ်မောင်က လက်ရှိမှာဆိုရင်တော့ ချစ်အစ်မကြီး ဘေဘီမောင်နဲ့အတူ Liveတွေလွှင့်ပြီး ဈေးရောင်းနေတာဖြစ်ပါတယ်နော်။သံစဉ်မောင်တို့ညီအစ်မနှစ်ယောက်က စီးပွားရေးကိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြပြီး ပိုက်ဆံကိုကြိုးစားရှာဖွေကြတာဖြစ်ပါတယ်။သံစဉ်မောင်က အားတဲ့အချိန်တွေမှာ မိသားစုနဲ့လည်း ပျော်ရွှင်စွာအချိန်ဖြုန်းပြီး အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Than Sin Maung's Facebook Account
Photo Credit:Than Sin Maung's Facebook Account

သံစဉ်မောင်တို့က အိမ်အသစ်လေးမှာ ပြောင်းနေပြီဖြစ်လို့ သူမတို့မောင်နှမတွေက တစ်ယောက်တစ်ခန်းနေကြတာဖြစ်ပါတယ်နော်။သံစဉ်မောင်ကတော့ သူမရဲ့အိပ်ခန်းလေးထဲမှာ များပြားလှတဲ့အဝတ်အစားတွေကို သေချာရှင်းလင်းနေတာဖြစ်ပါတယ်။သံစဉ်‌မောင်ရဲ့အဝတ်အစားတွေက များလွန်းလို့ အိပ်ခန်းပတ်ပတ်လည်မှာ အပြည့်ဖြစ်နေတဲ့ ဗီဒီယိုဖိုင်ကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Than Sin Maung's Facebook Account
Photo Credit:Than Sin Maung's Facebook Account

Photo Credit:Than Sin Maung's Facebook Account

Source&Video Credit:Than Sin Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။