ပရိသတ်ကြီးရေ.. အကယ်ဒမီမင်းသမီးချော အေးမြတ်သူနဲ့ ညီညီမောင်(စမ်းချောင်း)တို့ကတော့ အနုပညာလောကမှာ တစ်ယောက်တစ်မျိုးစီနဲ့ ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားကြသူတွေပဲ ဖြစ်ပါတယ်..။

သုသုနဲ့ မမြတ်လေးတို့နှစ်ယောက်ကတော့ မိတ်ကပ်ပညာရှင်နဲ့ မင်းသမီးဆိုတာထက် သားအမိလို ညီအစ်မလို ချစ်စရာကောင်းတဲ့ ဆက်ဆံရေးလေးတွေနဲ့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာတတ်ကြသူလေးတွေပါပဲ..။

Photo Credit - Nyi Nyi Maung's Fb Acc

ချစ်ခင်မှုလေးတွေနဲ့ အတူလက်တွဲနေကြတဲ့ သူမတို့နှစ်ယောက်ဟာ အခုတစ်ခါမှာလည်း ကြည်နူးပီတိဖြစ်စရာကောင်းသလို ပျော်စရာကောင်းပြီးချစ်စရာလည်းကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို သဘောကျအချစ်ပိုစေပြန်ပါတယ်နော်..။

အိမ်တိုင်ရာရောက်ကိုယ်တိုင်သွားပြီး ဂါဝရပြုကန်တော့ခဲ့တဲ့အတွက် သုသုဆီ မုန်ဖိုးတွေပြန်ရလိုက်လို့ မမြတ်လေးတစ်ယောက် ကလေးလေးလို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

"ပီတိဖြစ်ရတဲ့နေ့

ချစ်စရာကောင်းတဲ့ ဓလေ့ရိုးရာ

မိတ်ကပ်ပညာရှင် နဲ့ မင်းသမီး

အမေ နဲ့သမီး , အမနဲ့ညီမ လုပ်ဖော်ကိုင်ဖက် လို နေလာကျတာ နှစ်စဉ် ဝါကျွတ်ဂါရဝ လာပြုတဲ့ မမြတ်လေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အကယ်ဒမီတွေ အများကြီးရပါစေ နော်.." ဆိုပြီး သုသုက ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းပြီး ကြည်နူးပီတိဖြစ်စရာကောင်းလွန်းတဲ့ သုသုနဲ့ မမြတ်လေးတို့ရဲ့အပျော်လေးတွေကတော့ မြင်သူတိုင်းကို အပျော်လေးတွေကူးစက်ကာ ကြည်နူးစေမှာပါပဲနော်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

Source & Photo Credit - Nyi Nyi Maung's Fb Acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။