ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေရဲ့ ဂုဏ်ပြုထူးချွန်ဆုတွေကိုပါ ရရှိထားကာ ပရိသတ်အခိုင်အမာနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုနေသူလေးကတော့ အကယ်ဒမီမင်းသမီးချောလေး ဝတ်မှုံရွှေရည်ပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းသလို ကျော့ရှင်းပြီးဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားကာ ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက သည်းသည်းလှုပ် အချစ်ပိုနေကြတာဆိုလည်း မမှားပါဘူးနော်..။

Photo Credit - JASON YA
Photo Credit - JASON YA

ရွှေကစ်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ အခုလို Stay Home ကာလတွေမှာလည်း အနုပညာအလုပ်တွေနည်းပါးနေပေမယ့် ပရိသတ်တွေ အလွမ်းပြေစေဖို့ သူမရဲ့ပုံရိပ်လေးတွေကို မကြာခဏဝေမျှတတ်သူလေးလည်း ဖြစ်ပါတယ်..။

ပုံစံအမျိုးမျိုးနဲ့ ပရိသတ်တွေကိုအချစ်ပိုစေတဲ့ ရွှေကစ်လေးဟာ အခုတစ်ခါမှာလည်း ဆွဲဆောင်မှုရှိပြီး အထာကျလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်နော်..။

Photo Credit - JASON YA
Photo Credit - JASON YA

"The minute you learn to love yourself you won’t want to be someone else.." ဆိုပြီး အထာကျထိမိလွန်းတဲ့ သူမရဲ့အမိုက်စားပုံလေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ယုံကြည်မှုတွေအပြည့်နဲ့ ချစ်စရာကောင်းသလို အမြဲမိမိုက်နေတဲ့ ရွှေကစ်လေးရဲ့ အလန်းစားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေလည်း အများအပြားသဘောကျ အချစ်ပိုနေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - JASON YA
Photo Credit - JASON YA

Source - Wutt Hmone Shwe Yi's Fb Page

Photo Credit - JASON YA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။