အဆိုတော်နေဝင်းကတော့ ဂီတလောကမှာ ထွန်းတောက်အောင်မြင်နေတဲ့ ငွေကြယ်ပွင့်တစ်ဦးပဲ ဖြစ်ပါတယ် ။ Snare အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ နေဝင်းက ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းကောင်းတွေကို ဖန်တီးတတ်တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နေဝင်းပါဝင်တဲ့ရှိုးပွဲတွေက အမြဲတမ်းလိုလို ပရိသတ်တွေအများအပြားရရှိပြီး အောင်မြင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Ye Htut Photography
Photo Credit-Nay Win's FB Page & Studio A
Photo Credit-Eainy Chit Chaw's FB Acc

လက်ရှိမှာတော့ နေဝင်းက နှစ်အတော်ကြာအောင် လက်တွဲခဲ့တဲ့ချစ်သူလေးနဲ့ အိမ်ထောင်ပြုလိုက်ပြီပဲ ဖြစ်ပါတယ် ။ နေဝင်းတို့ဇနီးမောင်နှံက နှစ်ဦးသဘောတူမင်္ဂလာလက်မှတ်ရေးထိုးပြီး တရားဝင်လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူတို့စုံတွဲလေးကိုကြည့်ပြီး အရမ်းအားကျနေရတာ ဖြစ်ပါတယ် ။ အခုလည်း နေဝင်းရဲ့ဇနီးချောလေးက ခင်ပွန်းဖြစ်သူရဲ့ဗီဒီယိုတစ်ခုကို တင်ပေးထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc

အိမ့်ချစ်ချောက "ယောက်ျားလေးများ ပြောချင်ရာပြောပြီး ရွှီးတတ်ဖို့" ဆိုပြီး ခင်ပွန်းဖြစ်သူကိုနေဝင်းကို ဗီဒီယိုရိုက်ပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ ကွာမယ်အဆင့်သင့်ဖြစ်နေပြီလို့ စစနောက်နောက်နဲ့ပြောပြီးမှ တော်ကီတွေနဲ့ ပြန်ချုပ်နေတဲ့ ဦးနေဝင်းကို ချစ်ဇနီးလေးက ဆုံးမနေတာပဲ ဖြစ်ပါတယ် ။ ကဲ သူ့ဇနီးကိုချစ်ကြောင်းပြောပြီး အရမ်းရိုနေတဲ့ ဦးနေဝင်းရဲ့ဗီဒီယိုကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Eainy Chit Chaw's FB Acc

Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။