အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်ကိုင်လာနေသူလေးကတော့ သရုပ်ဆောင် အရိုင်းရဲ့ သမီးချောလေး ပျိုပျိုမေပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေကြားမှာ ယောကျာ်းလေးပရိသတ်တွေ တဖြုတ်ဖြုတ်တွေကြွေဆင်းနေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်း အကပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေလည်း ရရှိခဲ့တာပါ။

Photo Crd- Pyo Pyo May’s Facebook Account
Photo Crd- Pyo Pyo May’s Facebook Account
Photo Crd- Pyo Pyo May’s Facebook Account

ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်လက်ခံယူကာ အောင်မြင်မှုတွေများစွာရရှိအောင် ကြိုးစားအားထုတ်နေတာလည်း ဖြစ်ပါတယ်။ အနုပညာဘက်တွင်သာမက ပညာရေးဘက်မှာပါ ထူးချွန်တဲ့ သမီးဖြစ်သူကြောင့် အရိုင်းကတော့ ကြည်နူးပီတိဖြစ်နေရတာပါ။ လတ်တလောမှာတော့ ပျိုမေတစ်ယောက် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အနားယူနေတာပဲ ဖြစ်ပါတယ်။

Photo Crd- Pyo Pyo May’s Facebook Account
Photo Crd- Pyo Pyo May’s Tik Tok Account
Photo Crd- Pyo Pyo May’s Tik Tok Account

သူမဟာ အားလပ်ချိန်လေးတွေမှာလည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း ပျိုပျိုမေရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖုန်းသုံးနေတုန်းအနားမှာလာရပ်ပြီးကနေတဲ့သမီးအားအံ့ဩငေးမောကာကြည့်နေတဲ့ ဦးအရိုင်းရဲ့Video လေး ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Pyo Pyo May’s Facebook and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။