ဂီတလောကမှာ အသံပါဝါကောင်းကောင်းနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ သူကတော့ အဆိုတော် ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းက ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး သားလေးနှစ်ယောက်နဲ့ အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account

လတ်တလော ကိုဗစ်ကာလလေးမှာတော့ ထူးအယ်လင်း က လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကို နေ့မနားညမနား လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသင်းလေးကတော့ လှူချင်တဲ့ အလှူရှင်တွေကိုယ်စား စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ သူတွေကို ကာယဒါန လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ထူးအယ်လင်း တို့အဖွဲ့သားတွေက ကျိုက်ထီးရိုး က အိမ်ခြေ ၉၀၀ စာအတွက် စာသောက်စရာတွေ သွားရောက်လှူဒါန်းပေးဖို့အတွက် ကိုဗစ်ရောဂါပိုး ဆေးစစ်ချက်ရယူနေတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account

သူတို့ရဲ့ ဆေးစစ်ချက်အဖြေ ကတော့ အဖွဲ့သားတွေအကုန်လုံး Negative ပဲ ဖြစ်ပါတယ်။ ပထမတစ်ကြိမ်တုန်းက ထူးအယ်လင်းတို့ ပရဟိတအဖွဲ့လေးက ရပ်ဝေးဒေသတွေမှာ သွားရောက်လှူဒါန်းပေးဖို့အတွက် ဆေးစစ်တုန်းကလည်း အားလုံး Negative ဖြစ်ခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ အများအကျိုးသယ်ပိုးနေတဲ့ ထူးအယ်လင်းတို့ အဖွဲ့လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်..။

Photo Credit - Htoo El Lynn fb account

Video Source - Htoo El Lynn fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။