အခုချိန်မှာ ပရဟိတမင်းသားကြီးအဖြစ် အားလုံးရဲ့လေးစားချစ်ခင်မှုကို ရရှိထားသူကတော့ ဦးကျော်သူပဲ ဖြစ်ပါတယ် ။ တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ကျော်သူက လက်ရှိမှာတော့ ပရဟိတအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ကျော်သူက ဘုရားတရားလည်းကိုင်းရှိုင်းသလို စိတ်ကိုအေးချမ်းကြည်လင်စွာထားပြီး ကိစ္စတိုင်းကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်ကောင်းပဲ ဖြစ်ပါတယ် ။

ကျော်သူက သူချစ်ရတဲ့ဇနီးချောလေး ဒေါ်ရွှေဇီးကွက်နဲ့ အေးချမ်းစွာနေထိုင်နေတာဖြစ်ပြီး သူ့ရဲ့သားသမီးတွေနဲ့တော့ အမြဲတမ်းဖုန်းပြောလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ဇနီးမောင်နှံက သူတို့ချစ်ရတဲ့သမီးလေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ်။ ကျော်သူက "Happy Birthday!!! သမီး မြင့်မိုရ်ဦးလူသားများ၏ကျန်းမာရေးကိုစောင့်ရှောက်နိုင်ကာ အသက်များစွာကို ကယ်တင်နိုင်သည့် သူတော်ကောင်းဆရာ၀န်မကြီးဖြစ်ပြီး မိသားစုနှင့် ရိုးမြေကျသည်အထိ ချစ်ခင်စည်းလုံးညီညွတ်စွာ ပေါင်းသင်းနေထိုင်သွားနိုင်ပါစေ။ ဖေဖေကျော်သူ+မေမေရွှေဇီးကွက်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။

မေမေရွှေဇီးကွက်ကတော့ "Happy Birthday သမီးလေး Dimple Myint Mo Oo& Happy Anniversary Dicky Zin & Dimple. ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ လိုအင်ဆန္ဒတွေအားလုံးတစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ။ဝိပဿနာဘာဝနာကို လွယ်ကူစွာကျင့်ကြံအားထုတ်နိုင်ပြီး ဒီဘဝဒီခန္ဓာနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်ပါစေ။ ချစ်တဲ့ဖေဖေကျော်သူနဲ့ မေမေရွှေဇီးကွက်" ဆိုပြီးပြောထားတာ ဖြစ်ပါတယ် ။ ကဲ ကျော်သူတို့ဇနီးမောင်နှံနဲ့သမီးချောလေး Dimple တို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။