မင်းသမီးကြီး ထက်ထက်မိုးဦးဟာဆိုရင် တစ်ချိန်ကကြော်ငြာဘုရင်မလေးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ကြော်ငြာတွေအများအပြားရိုက်ကူးခဲ့သူ ဖြစ်ပါတယ် ။ဒါ့အပြင် ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာ ရိုက်ကူးထားပြီး အကယ်ဒမီဆုတွေကို ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ထက်ထက်မိုးဦးက သူမရဲ့ချစ်ပရိသတ်တွေအတွက် ဖြည်းဖြည်းချင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

Photo Credit - Htet Htet Moe Oo fb page
Photo Credit - Htet Htet Moe Oo fb page

ယနေ့အချိန်ထိ ထက်ထက်မိုးဦး က အသက်အရွယ်ရလာပေမဲ့လည်း ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုပြီး ချောမောလှပနေတုန်းပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမက တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို live လေးလွှင့်ပြီး ရောင်းပေးနေတာကို တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ထက်ထက်မိုးဦးက ပရိသတ်တွေကြည်နူးပီတိ ဖြစ်လောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Htet Htet Moe Oo fb page
Photo Credit - Htet Htet Moe Oo fb page
Photo Credit - Htet Htet Moe Oo fb page

ဒီပုံလေးတွေကတော့ လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ဖြေဖျောက်ဖို့အတွက် အေးချမ်းတဲ့ တရားရိပ်မှာ ခိုလှုံခဲ့စဥ်က ကြည့်နူးစရာအမှတ်တရ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေကို ပရိသတ်တွေလည်း သဘောကျချစ်ခင်ရမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်ကြီးရေ အခက်အခဲများစွာကို ရင်ဆိုင်လာခဲ့ပြီး အကောင်းဆုံး ရပ်တည်နေတဲ့ မင်းသမီး ထက်ထက်မိုးဦးကို အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော် ။

Photo Credit - Htet Htet Moe Oo fb page

Source - Htet Htet Moe Oo fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။