အကယ်ဒမီလွင်မိုးကတော့ ယခုလက်ရှိအချိန်မှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ကိုင်လျက်ရှိပြီး ပရိသတ်တွေရဲ့မေတ္တာကိုလည်း ပိုင်ဆိုင်ထားဆဲပါနော်။လွင်မိုးက ကိုယ်ပိုင်စီးပွားရေးကိုလည်း တိုးတက်အောင်မြင်အောင် လုပ်ဆောင်နိုင်တာကြောင့် စီးပွားရေးမှာဆိုလည်း အရမ်းအကွက်မြင်တတ်ပါတယ်။လွင်မိုးက အသက်အရွယ်တစ်ခုကိုရလာပြီဖြစ်ပေမယ့် ငယ်ငယ်တုန်းကအတိုင်း နုပျိုနေဆဲဖြစ်ကာ မြေးလေးနဲ့လည်း သွက်လက်စွာနဲ့ အတူတူဆော့ကစားပေးနေကျဖြစ်ပါတယ်နော်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Lwin Moe's Facebook Account

လွင်မိုးက တစ်ခေတ်တစ်ခါမှာဆိုရင် သရုပ်ဆောင်လည်းအရမ်းကောင်းသလို ရုပ်ရည်ကလည်းအရမ်းချောတာကြောင့် မိန်းကလေးပရိသတ်အများအပြားက သည်းသည်းလှုပ်အားပေးခဲ့ကြတာဖြစ်ပါတယ်။လွင်မိုးက ထက်ထက်မိုးဦး၊ဒွေးတို့နဲ့လည်း အတွဲညီစွာနဲ့ ဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ လွင်မိုးက အနုပညာမောင်နှမတွေ စည်းလုံးချစ်ခင်စွာနဲ့ စုံစုံလင်လင်ရှိနေကြတဲ့ ပုံလေးကို ပြန်ကြည့်ပြီး အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်နော်။

Photo Credit:Lwin Moe's Facebook Account
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

လွင်မိုးကတော့ "တစ်ချိန်တုန်းက..ကျွန်​တော်တို့အနုပညာ..ညီအစ်ကို​မောင်နှမ​တွေ..ဦးလှထွန်း..ရဲ့ကင်ဆာ​ဖောင်​ဒေးရှင်းကိုသွားကြတာပါ..​နေ့ရက်​တွေ​တော့မမှတ်မိ​တော့ပါဘူး...ရုပ်ရှင်အစည်းအရုံးကစီစဥ်တာပါ..ဥက္ကဌ..ဦးစိန်တင်လက်ထက်ကပါ..မှတ်မိ​နေတာတစ်ခုက..အားလုံးမြန်မာဆန်ဆန်ဝတ်စားလာရမယ်ဆိုလို့..အားလုံးကပုံမှာမြင်ရတဲ့အတိုင်း..ညီညွှတ်နေကြတာပါ..​ကိုသားကြီးတ​စ်ယောက်ပဲ..အ​စောကြီးကျွန်​တော်တို့နဲ့လမ်းခွဲနှုတ်ဆက်သွားခဲ့တာပါ..ကျန်တဲ့သူ​တွေက​တော့..နည်းမျိုးစုံနဲ့..ရှင်သန်​နေကြရဦးမှာပါ...."ဆိုပြီး အတိတ်ကအမှတ်တရတွေကို ပြန်လည်သတိရနေတာဖြစ်ပါတယ်‌နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Lwin Moe's Facebook Account/ဧရာ စာပေ

Source &Photo Credit:Lwin Moe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။