မြန်မာသံစဥ်တေးသီချင်းတွေကို ပီပီပြင်ပြိင်သီဆိုဖျော်ဖြေနိုင်တဲ့ တေးသံရှင် အဆိုတော် ပန်းအိဖြူကတော့ ပရိသတ်တွေနဲ့ တရင်းတနှီးရှိသူမို့ မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်။ ပန်းအိဖြူက တစ်ကိုယ်တော် အယ်ဘမ်လ်များစွာနဲ့ ဟိုးအရင်က အဆိုတော်ကြီးတွေရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်ဆန်းသစ်သီဆိုတတ်သူမို့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။

Photo credit - Pan Ei Phyu Vocalist's Facebook Account
Photo credit - Pan Ei Phyu Vocalist's Facebook Account
Photo credit - Pan Ei Phyu Vocalist's Facebook Account

သူမရဲ့ အသံချိုချိုလေးတွေက နားထောင်သူတွေအတွက် နားဝင်ချိုစေတာဖြစ်ပြီး ဘယ်တော့မှ ရိုးမသွားတာကိုလည်း တွေ့ရပါတယ်။ ပန်းအိဖြူဟာဆိုရင် အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်တာဖြစ်ပြီး ချစ်ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးနေသူပါ။ မကြာသေးမီအချိန်ကမှ သူမရဲ့ ဘဝလေးထဲကို ဝင်ရောက်လာခဲ့တဲ့ သားသားလေးကြောင့် ပြီးပြည့်စုံနေခဲ့တာပါ။

Photo credit - Pan Ei Phyu Vocalist's Facebook Account
Photo credit - Pan Ei Phyu Vocalist's Facebook Account

သားသားလေးက လုံးဝန်းတဲ့ မျက်လုံးရွဲရွဲလေးတွေနဲ့ နှာတံစင်းစင်းလေးတွေကြောင့် မေမေပန်းအိဖြူနဲ့ ချွတ်စွတ်တူတာဖြစ်ပြီး ဖေဖေရဲ့ အသည်းကျော်လေးလည်းဖြစ်လို့နေပါတယ်။ ပန်းအိဖြူက ယခုဆိုရင် သားသားလေးကို ရင်ခွင်ထက်မှာ ထွေးပွေ့ရင်း အပြန်အလှန် အကြည့်ချင်းစုံနေတာကြောင့် " မေမေ့မျက်နှာ တစ်ကမ္ဘာလား သားလေးရယ် " ဆိုပြီး သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကို တင်ပေးလာတာပါ။

Photo credit - Pan Ei Phyu Vocalist's Facebook Account
Photo credit - Pan Ei Phyu Vocalist's Facebook Account
Photo credit - Pan Ei Phyu Vocalist's Facebook Account

Source & Photo credit - Pan Ei Phyu Vocalist's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။