အဆိုပိုင်းအပြင် သရုပ်ဆောင်ဘက်မှာလည်း ပါရမီရှိတာကြောင့် ပရိသတ်တွေအားလုံးက တစ်ခဲနက် အားပေးနေကြသူကတော့ သရုပ်ဆောင် မင်းသား မင်းမော်ကွန်းပဲ ဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းရဲ့ အနုပညာအမွေကို အပြည့်အဝ ရရှိထားသူဖြစ်ပြီး သားနဲ့သမီးကိုပါ လက်ဆင့်ကမ်းကာ ပညာအမွေတွေ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ကလေးတွေကလည်း မိဘတွေအပေါ် လိမ္မာသိတတ်လွန်းတာကြောင့် ပီတိဖြစ်နေရတာပါ။

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

ဒီနေ့ကတော့ မင်းမော်ကွန်းရဲ့ သမီးအလတ် လေပြေသွေးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ လေပြေရဲ့ မွေးနေ့လေးကိုတော့ ချစ်ခင်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းများနဲ့ အနုပညာရှင်ညီအစ်ကို မောင်နှမများကပါ မွေးနေ့ဆုမွန်ကောင်းတွေ ရေးသားထားကြတာလည်း ဖြစ်ပါတယ်။ သမီးလေးရဲ့ မွေးနေ့လေးကိုလည်း ဖခင်ဖြစ်သူ မင်းမော်ကွန်းက အခုလိုပဲရေးသားကာ ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- LayPyay Thway’s Facebook Account
Photo Crd- LayPyay Thway’s Facebook Account

" Happy Birthday ငယ်လေး

ဖေဖေ့စိတ်ထဲတော့

အဲ့ဒီအရွယ်လေးပဲ

မြင်နေတာ

သမီးလေးအမြဲတမ်း

စိတ်ချမ်းသာပျော်ရွှင်ပါစေ " လို့ ရေးသားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account
Photo Crd- LayPyay Thway’s Facebook Account
Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။