သရုပ်ဆောင် အိချောပိုကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေပြီး မင်းသမီးတစ်ယောက်ရဲ့ အဆင်းနဲ့အချင်းပြည့်စုံသူပါ။ သူမဟာ အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီးတစ်လက်ဖြစ်ပြီး ဗီဒီယိုခေတ်မှ စလို့ ယနေ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် ပါဝင်ရိုက်ကူး အောင်မြင်နေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ သူမရဲ့ သရုပ်ဆောင်မှုတွေက ပီပြင်ကောင်းမွန်လွန်းလို့ ပရိသတ်ရင်ထဲ ထိမှန်စေတာလည်း ​ဖြစ်ပါတယ်။

Photo credit - Ei Chaw Po's Facebook Account
Photo credit - Ei Chaw Po's Facebook Account

သရုပ်ဆောင်ကောင်းမွန်ရုံသာမကပဲ လုံးကြီးပေါက်လှ ကိုယ်လုံးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ အိချောပိုက ပုရိသတို့ရဲ့ အသည်းတစ်ခြမ်းပါ။ မြင်သူတိုင်း ကြွေရလောက်တဲ့ အိချောပိုရဲ့ ကောက်ကြောင်းအလှက မှင်သက်စေတာဖြစ်ပြီး ဖက်ရှင်တွေကလည်း လိုက်ဖက်လွန်းတာကြောင့် မိန်းကလေးအချင်းချင်းကပါ အားကျတာလည်း ဖြစ်ပါတယ်။ သူမကို အားပေးနေကြတဲ့ ပရိသတ်တွေ အချစ်ပိုမြဲပိုနေစေဖို့အတွက် လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ မျှဝေလေ့ရှိနေတာပါ။

Photo credit - Ei Chaw Po's Facebook Account
Photo credit - Ei Chaw Po's Facebook Account

ယနေ့မှာလည်း အိချောပိုက သူမရဲ့ ကြီးမားခမ်းနားတဲ့ အိမ်အပေါ်ထပ်က ဝရန်တာမှာ ပန်းဆီရောင် ဂါဝန်လေးကို ဝတ်ဆင်ပြီး ရိုးရှင်းအေးချမ်းတဲ့ အပြုံးလေးနဲ့ ပိုစ့်မျိုးစုံပေးရင်း ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ အိချောပိုရဲ့ ပုံတိုင်းက ဆွဲဆောင်မှုပိုပြီး တစ်မျိုးလေးအလှတွေပိုနေတာကြောင့် ပရိသတ်တွေကြည့်ရင်း အချစ်ပိုစေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်.....။

Photo credit - Ei Chaw Po's Facebook Account
Photo credit - Ei Chaw Po's Facebook Account

Source & Photo credit - Ei Chaw Po's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။