ပရိသတ်အချစ်တော် နိုင်းနိုင်းကတော့ အရပ်ရှည်ပြီး ရုပ်ဖြောင့်သလို Body လည်းတောင့်တဲ့ မင်းသားချောလေးတစ်ဦးပဲ ဖြစ်ပါတယ် ။ တစ်ခေတ်တစ်ခါကတည်းက ပျိုပျိုမေတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ နိုင်းနိုင်းက အိမ်ထောင်ကျပြီး ကလေးတွေရနေတာတောင် အောင်မြင်နေဆဲ ဖြစ်ပါတယ် ။ နိုင်းနိုင်းက သူအရမ်းချစ်ရတဲ့ဇနီးချောလေးနဲ့လက်ထပ်ပြီး သားတစ်ယောက်၊သမီးသုံးယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။

နိုင်းနိုင်းရဲ့ဇနီးလေးကတော့ အရမ်းကိုချောမောလှပသလို ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်တာကြောင့် သူနဲ့အရမ်းကိုလိုက်ဖက်လွန်းနေတာ ဖြစ်ပါတယ် ။ New York မှာနေထိုင်တဲ့ စန္ဒီချိုက ခင်ပွန်းဖြစ်သူနိုင်းနိုင်း မြန်မာပြည်ကိုပြန်ပြီး အလုပ်တွေလုပ်တဲ့အခါမှာ သား၊သမီးတွေကို သူမကိုယ်တိုင် မေတ္တာအပြည့်ပေးပြီး စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နိုင်းနိုင်းက အိမ်ထောင်ရှင်မတာဝန်ကျေတဲ့ သူ့ရဲ့ဇနီးချောလေးကို တုန်နေအောင် ချစ်မြတ်နိုးရတာပဲ ဖြစ်ပါတယ် ။

အခုတော့ နိုင်းနိုင်းရဲ့ဇနီးချောလေးက အရမ်းမိုက်လွန်းတဲ့ Video လေးတစ်ခုကို ဟန်ပါပါသရုပ်ဆောင်ပြီး ရိုက်ပြလိုက်တာ ဖြစ်ပါတယ် ။ စန္ဒီချိုက အသည်းကွဲသီချင်းလေးကိုညည်းဆိုရင်း ပါးပြင်ထက်မှာ မျက်ရည်တွေဆက်တိုက်စီးကျကာ Mood အပြည့်နဲ့ Tik Tok ဆော့ပြလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ နိုင်းနိုင်းကိုကြွေသွားစေနိုင်တဲ့ သူ့ရဲ့ဇနီးချောလေး စန္ဒီချိုရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက်ပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။