ပရိသတ်ကြီးရေ မင်းသားချောဘုန်းလျှံကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့တဲ့ မင်းသားချောလည်းဖြစ်ပြီးတော့ ဗီဒီယိုဇာတ်ကားများပေါင်းများစွာကို ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ဘုန်းလျှံဟာ ပြစ်မှုကျခံခဲ့ရပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ အနုပညာအလုပ်တွေကိုရော စီးပွားရေးလုပ်ငန်းတွေပါ သေချာအာရုံစိုက်ပြီး လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်နော်.....။

photo credit-Bhone Hlyan'a Facebook acc
photo credit-Bhone Hlyan'a Facebook acc

ဘုန်းလျှံဟာ မကြာသေးမီကလည်း သူ့ရဲ့ချစ်သူလေးနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးတော့ သာယာကြည်နူးစရာအိမ်ထောင်လေးကိုတည်ထောင်းထားတာဖြစ်ပါတယ်။ သူဟာ အခုလက်ရှိမှာဆိုရင်လည်း ဇနီးချောလေးနဲ့အတူ အစားအသောက်တွေရောင်းချနေတာလည်းဖြစ်ပြီးတော့ ငါးပါတူးအပြင် ရခိုင်ကြက်သောက်ဆမ်း၊ မျှစ်ချက်၊ ရခိုင်ငရုတ်သီးထောင်း၊ အချိုပွဲတို့ကိုပါ ရောင်းချနေတာလည်းဖြစ်ပါတယ်။

photo credit-Bhone Hlyan'a Facebook acc
photo credit-Bhone Hlyan'a Facebook acc

ဘုန်းလျှံရောင်းချတဲ့ ဟင်းလျာတွေကို ကိုနေတိုးတစ်ယောက်ထပ်မံအားပေးခဲ့တာလည်းဖြစ်ပြီးတော့ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ "ကိုနေတိုးအကြိုက်..မင်းရခိုင်.ရခိုင်ကြက်သောက်ဆမ်း.မျှစ်ချက်..ရခိုင်ငရုတ်သီးထောင်း.တို့စရာ နဲ့ အချိုပွဲ..အားပေးမှုအတွက်ကျေးဇူးတင်လိုက်တာကိုနေတိုး‌ရေ ချစ်သူငယ်ချင်းတွေလဲမှာချင်ရင်.ဖုန်းသာဆက်လိုက်ပါနော်...." ဆိုပြီးရေးသားကာ တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Bhone Hlyan'a Facebook acc
photo credit-Bhone Hlyan'a Facebook acc

Source& photo credit-Bhone Hlyan'a Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။