သေးသွယ်လှပပြီး မြင်သူတကာ ငေးမောရလောက်တဲ့ အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အပြုံးချိုချိုလေးတွေဟာလည်း မြင်ရသူတိုင်းကို အချစ်ပိုျစတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်တာကြောင့်လည်း တစ်နေ့ထက်တစ်နေ့ ဆွဲဆောင်မှုပိုရှိလွန်းနေသူလေးပါ။

Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account

သူမဟာ အနုပညာလှုပ်ရှားမှုတွေလည်း အမြဲလုပ်ဆောင်နေရသူဖြစ်တာကြောင့် ရရှိတဲ့ အနုပညာကြေးတွေကို အလှူအတန်းတွေ ပြုလုပ်ရုံသာမကဘဲ စုဆောင်းထားမှုတွေကြောင့် အိမ်အသစ်လေးတစ်လုံးကို ဝယ်ယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ရှုတင်နားရက်များမှာလည်း သူငယ်ချင်းတွေနဲ့အတူ အိမ်မှာနေရင်း ဟင်းတွေချက်စားကာ ပျော်ပျော်ရွှင်ရွင်နေထိုင်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd- Khay Sett Thwin’s Tik Tok Account
Photo Crd- Khay Sett Thwin’s Tik Tok Account
Photo Crd- Khay Sett Thwin’s Tik Tok Account

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ခေးဆက်သွင်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဘော်ဒီလေးကိုလှုပ်ပြီးအပီဒွန့်နေစဉ်မိန်းကလေးလိုဝတ်ကာလိုက်ကနေတဲ့ သူငယ်ချင်းတွေကိုကြည့်ပြီးအသေခွီနေတဲ့ ခေးဆက်သွင်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတက်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khay Sett Thwin’s Facebook and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။