ပရိသတ်ကြီးရေ သဇင်ထူးမြင့်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာပြီဖြစ်တဲ့ တက်သစ်စအနုပညာရှင်လေးဖြစ်ပြီး ဖေဖေ့ရဲ့အမွေကို ဆက်ခံထားတာဖြစ်ပါတယ်နော်။သဇင်ထူးမြင့်က ဇာတ်လမ်းတွဲတွေမှာလည်းပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးနေတာဖြစ်လို့ အနုပညာခြေလှမ်းတွေစိပ်နေတာဖြစ်ပါတယ်။သဇင်ထူးမြင့်က အကယ်ဒမီယွန်းယွန်းနဲ့လည်း ညီအစ်မအရင်းတွေလိုမျိုး ခင်မင်ရင်းနှီးနေတာဖြစ်ပါတယ်နော်။

Photo Credit:Thazin Htoo Myint's Facebook Account
Photo Credit:Yoon Yoon's Facebook Account

ယွန်းယွန်းကလည်း ကလေးဘဝကတည်းက အနုပညာအလုပ်တွေလုပ်ဆောင်ခဲ့တာကြောင့် အားပေးကြတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့နှစ်ယောက်က မနက်ခင်းဆိုလည်း လမ်းအတူတူလျှောက်ကြပြီး ကျန်းမာရေးလိုက်စားကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း သဇင်ထူးမြင့်တို့နှစ်ယောက်က အနုပညာအလုပ်တွေအတူတူတွဲလုပ်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Yoon Yoon's Facebook Account
Photo Credit:Thazin Htoo Myint's Facebook Account
Photo Credit:Yoon Yoon's Facebook Account

သဇင်ထူးမြင့်က ယွန်းယွန်းမေမေနဲ့လည်း အရမ်းခင်မင်ရင်းနှီးပြီး ကိုယ့်မိဘလိုပဲ လေးစားချစ်ခင်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ သဇင်ထူးမြင့်က"ယွန်းမေမေထည့်ပေးတာ အမြဲအပြင်သွားတိုင်း မုန့်ထည့်ပေးတယ်။ထည့်ပေးတိုင်း ယွန်းတစ်ခု သူငယ်ချင်းတစ်ခု ခံစားချက်က မူကြိုကလေးလေးတွေကျောင်းလာရင် သူငယ်ချင်းဖို့ အိမ်ကမုန့်တစ်ခုပိုထည့်ပေးလိုက်သလိုပဲ How Cute"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Thazin Htoo Myint's Facebook Account
Photo Credit:Thazin Htoo Myint's Facebook Account Mystory

Source&Photo Credit:Thazin Htoo Myint's Facebook Account Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။