မိုက်မဲသောအတွေး..............

ပိုလှသွားစေဖို့အတွက် နှာခေါင်းခွဲစိပ်ခဲ့ပေမယ့် မအောင်ခဲ့ရာကစလို့ ကိုယ့်ကိုကိုယ် သတ်သေတဲ့အထိ စိတ်ဓာတ်ကျဆင်းခဲ့တာလို့ သိရပါတယ်။

ရုရှားမှာ နေထိုင်တဲ့ မိခင်တစ်ဦးဟာ နှာခေါင်းခွဲစိပ်ကုသခဲ့ပေမယ့် ပိုလှမလာပဲ ရုပ်ဆိုးသွားတယ်လို့ သူ့ကိုယ်သူ ယူဆခဲ့ပြီးနောက်ပိုင်း စိတ်ဓာတ်ကျကာ တိုက်ပေါ်က ခုန်ချကာ အဆုံးစီရင်သွားကြောင်း သိရပါတယ်။

ပိုပြီးဆိုးရွားစေခဲ့တာက သူမဟာ တိုက်ပေါ်က တစ်ယောက်တည်းခုန်ချခဲ့တာမဟုတ်ပဲ ၈ နှစ်အရွယ် သားဖြစ်သူကိုပါ ခေါ်သွားခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အိုဇီဂိုဗာဟာ အရင်ခင်ပွန်းနဲ့ သားတစ်ယောက် ရခဲ့ပြီးနောက် နှာခေါင်းခွဲစိပ်မှု ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် သူမရဲ့ခင်ပွန်းဟောင်း ဖြစ်သူက လှတယ်လို့ မပြောပဲ သူမကို တွေ့တိုင်း ဝက်အော်သံလို လုပ်ပြနေခဲ့ပါတယ်။ သဘောကတော့ သူမရဲ့ နှာခေါင်းဟာ ဝက်နဲ့တူသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

အဲဒါကြောင့်ပဲ သူမတို့ အိမ်ထောင်ဟာ ကွာရှင်းတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူမ ရည်းစားအသစ် ရသည့်တိုင်အောင် ဒီနှာခေါင်းခွဲစိပ်မှုအတွက် စိတ်ကျဝေဒနာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

အခုတော့ သူမမိဘတွေနေအိမ်ဖြစ်တဲ့ ဆိုက်ဘေးရီးယန်းမြို့ရဲ့ တိုက်ခန်းကိုးလွှာကနေ သားငယ်ကိုချီပြီး ခုန်ချသတ်သေသွားပြီလို့ သိရပါတယ်။ သူမဒီလိုမလုပ်ခင်မှာ စာတစ်စောင် ချန်ထားခဲ့ကြောင်းလည်း သိရပါတယ်။ သူမမသေဆုံးခင်တုန်းကလည်း လူမှုကွန်ယက်မှာ သူမရဲ့ခွဲစိပ်လိုက်တဲ့ နှာခေါင်းအတွက် စိတ်ပျက်တဲ့ စာသားတွေ ရေးတင်ခဲ့ပါသေးတယ်။

ဒီပုံပျက်သွားတဲ့နှာခေါင်းကြောင့် သူမပြုံးရင် မလှတော့ကြောင်းလည်း ရေးသားခဲ့ပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။