ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ကတော့ အနုပညာအလုပ်တွေကိုလည်း တစိုက်မက်မက်လုပ်ဆောင်နေသလို လူငယ်ပီပီ ပျော်ပျော်လည်းနေတတ်ပါတယ်နော်။ကျော်ကျော်က သူငယ်ချင်းတွေဖြစ်တဲ့ ဆုမြတ်နိုးဦး၊ညီထွဋ်ခေါင်တို့နဲ့လည်း ဟာသဗီဒီယိုလေးတွေအမြဲရိုက်ပြီး ပရိသတ်တွေကို တင်ဆက်နေတာဖြစ်ပါတယ်။သူတို့သူငယ်ချင်းသုံးယောက်ထဲမှာ ကျော်ကျော်ကဟာသဉာဏ်အရွှင်ဆုံးဖြစ်ပါတယ်နော်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

ကျော်ကျော်က ဇာတ်လမ်းတွဲတွေနဲ့ဇာတ်ကားကြီးတွေမှာဆိုရင်လည်း ဟာသဇာတ်ရုပ်ကို လုံးဝပီပြင်လို့ ပရိသတ်တွေက ကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်။ကျော်ကျော်ရဲ့ တမူထူးခြားတဲ့ အနုပညာအရည်အသွေးတွေ‌ကတော့ အမြဲဆန်းသစ်နေလို့ တစ်နေ့တစ်မျိုးမရိုးရပါဘူးနော်။Tik Tok တွေဆိုလည်း ပုံစံအမျိုးမျိုးနဲ့ ကစားတတ်လွန်းလို့ ကျော်ကျော့်ရဲ့ ဗီဒီယိုတွေကို ပရိသတ်တွေက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

အခုဆိုရင်လည်း ကျော်ကျော်က အေးဆေးထိုင်ပြီးစားသောက်နေကြတဲ့သူတွေနားကိုသွားပြီး ရုပ်တည်ကြီးနဲ့ ကနေတာဖြစ်ပါတယ်။ကျော်ကျော်ရဲ့ ကနေတဲ့ပုံစံကြောင့် ဘေးကလူတွေက အူတက်အောင်ရယ်နေကြပြီး အရမ်းသဘောကျနေတာဖြစ်ပါတယ်။ပရိသတ်တွေလည်း အတည်ပေါက်နဲ့ကနေတဲ့ ကျော်ကျော်ရဲ့ Tik Tokကိုကြည့်ပြီး ရယ်မောပျော်ရွှင်ရအောင်လို့ ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kyaw Naing Oo's Facebook Account
Photo Credit:Kyaw Naing Oo's Facebook Account

Photo Credit:Kyaw Naing Oo's Facebook Account

Source&Video Credit:Kyaw Naing Oo's Tik Tok Acc

@kyawnaingoo368

original sound - Kyaw Naing Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။