ပရိသတ်ကြီးရေ.. မိတ်ကပ်ပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေတဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးချစ်ခင်မှုတွေကို ရရှိထားသူကတော့ မိတ်ကပ်လင်းလင်းပဲ ဖြစ်ပါတယ်နော်..။

လင်းလင်းကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့အတိုင်း အခုတစ်ခါမှာလည်း သူမရဲ့ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနေတဲ့ အလုပ်လေးအကြောင်း ပြောပြလာပါတယ်နော်..။

Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page

ပြီးခဲ့တဲ့လပိုင်းက ချစ်ရသူလေးနဲ့ ရွှေလက်တွဲကာ မင်္ဂလာပွဲလေး ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုတော်သားကြီးရဲ့ မင်္ဂလာပွဲမှာ ကိုယ်တိုင်မိတ်ကပ်ပြင်ဆင်ပေးခဲ့တဲ့ အမှတ်တရလေးတွေနဲ့အတူ ပြောပြလာတာပဲ ဖြစ်ပါတယ်နော်..။

နှစ်ဖက်မိဘတွေအပြင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခမ်းနားလှပစွာ ကျင်းပပြုလုပ်ခဲ့တဲ့ သားကြီးရဲ့ ကြည်နူးအားကျစရာမင်္ဂလာပွဲ ပုံရိပ်လေးတွေကိုလည်း လင်းလင်းက ဝေမျှထားပါသေးတယ်နော်..။

Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page

"လင်းရဲ့ဘဝနဲ့ဆန္ဒတစ်ထပ်တည်းကျတဲ့ အလုပ်လေးပြန်စရတော့ အရမ်းကျေနပ်မိတယ်.." ဆိုပြီး အလုပ်လေးပြန်စရလို့ ပျော်နေတဲ့အကြောင်းလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ သားကြီးတို့ရဲ့ မင်္ဂလာပွဲအမှတ်တရပုံလေးတွေကိုလည်း ဝေမျှထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း လင်းလင်းကို ချီးကျူးအားပေးစကားလေးတွေ ပြောထားကြသလို သားကြီးကိုလည်း ဂုဏ်ပြုစကားလေးတွေ ဆိုထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page

Source & Photo Credit - Lin Lin's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။