အဆိုတော်မလေး ပိုပိုကတော့ ယောက်ျားလေးပရိသတ်တွေရဲ့အပြတ်အသတ် ဝန်းရံအားပေးမှုကို ပိုမိုရရှိထားတဲဲ့ မိန်းမလှလေးတစ်ဦး ဖြစ်ပါတယ် ။ ပိုပိုက "ချစ်ဖူးခဲ့သမျှ" ဆိုတဲ့ သီချင်းခွေလေးနဲ့ စတင်အောင်မြင်ခဲ့ရာကနေ ဂီတလောကမှာနေရာရပြီး လူသိများလာခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ပိုပိုက သီချင်းတွေဆက်တိုက်ဖန်တီးနိုင်ပြီဖြစ်သလို ကိုယ်ပိုင် Studio တစ်ခုကိုပါ တည်ထောင်ထားတာ ဖြစ်ပါတယ် ။

Photo Credit- "ပိုပို" FB Page
Photo Credit- "ပိုပို" FB Page
Photo Credit- "ပိုပို" FB Page
Photo Credit- "ပိုပို" FB Page

ပိုပိုရဲ့အောင်မြင်မှုတွေက အရင်ကထက်ပိုပြီး ကြီးမားလာပေမယ့်လည်း သူမအနေနဲ့ မာန်မာနမရှိဘဲ အားလုံးအပေါ်ကို ဖော်ရွေစွာဆက်ဆံနေဆဲ ဖြစ်ပါတယ် ။ အခုလည်း ပိုပိုက ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာလူစုပြီး ပျော်နေတာ ဖြစ်ပါတယ် ။ ပိုပိုက သူမနဲ့အရမ်းကိုခင်မင်ရင်းနှီးတဲ့ အနုပညာလောက သူငယ်ချင်းတွေကိုခေါ်ပြီး မုန့်တွေလုပ်စားခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-ဝတ်ရည်မိုး's FB Acc
Photo Credit-ဝတ်ရည်မိုး's FB Acc
Photo Credit-ဝတ်ရည်မိုး's FB Acc
Photo Credit-ဝတ်ရည်မိုး's FB Acc

ပိုပိုတို့သူငယ်ချင်းတစ်စုက အိမ်အပေါ်ထပ်ရော အိမ်ထပ်ပါမကျန် နေရာအနှံ့ ဂိမ်းတွေလျှောက်ဆော့ရင်း ရှုံးတဲ့သူကိုအပြစ်ပေးကာ ခွီနေရတာပဲ ဖြစ်ပါတယ် ။ ကျယ်ဝန်းလှတဲ့အိမ်ကြီးကို ပိုင်ဆိုင်ထားတဲ့ ပိုပိုကတော့ သူငယ်ချင်းတွေအပေါ်မှာ အိမ်ရှင်ပီသစွာ ဧည့်ဝတ်ကျေပွန်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေးပိုပိုနဲ့ အနုပညာရှင်တစ်စုရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-ဝတ်ရည်မိုး's FB Acc & "ပိုပို" FB Page

Photo Credit-ဝတ်ရည်မိုး's FB Acc
Photo Credit-ဝတ်ရည်မိုး's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။