ပရိသတ်ကြီးရေ .....အများအားကျချစ်ခင်ရတဲ့မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပိုးအိအိခန့်နဲ့ နိုင်ငံကျော်ဘောလုံးသမားအောင်သူတို့မိသားစုလေးကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာယခုဆိုရင် ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေးဟာလည်း အခုဆိုရင် တစ်နှစ်ကျော်သွားပြီဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းလာတာပါနော်။ ပိုးအိဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာမှာ မင်းသမီးစလုပ်တဲ့အချိန်ကစပြီး ယခုလက်ရှိအိမ်ထောင်ကျပြီးတဲ့အထိ ကြုံတွေ့နေရတဲ့အရာလေးတွေကို တင်ပေးလာပါတယ်။


အာ့တာကတော့ "တွေးမိပြီး ကိုယ့်ဘာကိုယ် ရယ်မိလို့ဟာသအနေနဲ့ ပြောပြရဦးမယ်ကျွန်မဘဝကို ကံကြမ္မာကြီးက ဘာအလုပ်မှ မလုပ်ဘဲ အေးအေးလူလူထိုင်နေပါ လို့များ သတ်မှတ်ထားလေသလားမှတ်ရတယ်ပထမဦးဆုံး အနေနဲ့ပြောရရင် အလှပြင်တာ မကြိုက် ခေတ်ပေါ်အဝတ်အစားဝတ်တာမကြိုက် ကျောင်းစာ ပညာရေးသာ ဖိလုပ်စေချင်တဲ့ မိဘအောက်က ဆင်းသက်လာတဲ့ ကျွန်မကအနုပညာကို အရမ်းဝါသနာပါ ရူးသွပ်လွန်းလို့ မိဘကိုယ်တိုင်လိုက်ရော ပြီး ထုတ်လုပ်ရေးတိုက်ထောင်ပြီး သမီးလေးကို ဗီဒီယိုကားတွေ ထုတ်ရိုက်ပေးလိုက်တာ ကိုယ်လည်း လမ်းစပေါ်လေးရောက်မယ်ကြံရော ဗီဒိီယိုစျေးကွက်ကြီး ပျက်ပါလေရော (တစ်ခါနော်).....။ဟုတ်ပြီ ထားတော့ အိမ်ထောင်ကျပြီး အဖေက အလုပ်မလုပ်ဘဲ ထိုင်နေတာမကြိုက်တော့ Traval & Tours Company ထောင်ထားတာကို သမီးဆက်လုပ်လိုက်ဆိုပြီး လွှဲပေးလိုက်တဲ့အခါမှ ဒီကကျွန်မကလည်း အပီအပြင်လုပ်ပြီဟေ့ဆိုပြီး ခရီးစဉ်တွေ သေချာစဉ်းစား ပထမဦးဆုံးလုပ်မယ့် ကိုယ့်ခရီးစဉ်ကို လင်မယားနှစ်ယောက် ဓါတ်ပုံဆရာငှါးပြီး သွားရိုက်မယ် blog ပါရိုက်ပြီး တင်မယ်ဆိုပြီး Company page ကို ကိုယ့်အကောင့်မှာ share လိုက်ပြီး သိပ်မကြာပါဘူး....ငဗစ်က ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ စီးပွါးရေးပါ ထိုးဆင်း ဒုက္ခတွေ ရောက်ကုန်ကြရော (တစ်ခါ) မှတ်ထားနော် ၂ ခါရှိပြီ....။


"ကဲ ခု တစ်ခါ ပထမ ကိုဗစ်ဖြစ်တော့အိမ်မှာ ထိုင်နေရတာ အင်မတန် ပျင်းစရာကောင်းလွန်းလို့အလုပ်တစ်ခုမဟုတ် တစ်ခုတော့ အားမနေရအောင်လုပ်မယ်ဟာဆိုပြီး Live sale စလုပ်လိုက်တာ အံမယ် live sale လွှင့်တာ လက်တစ်ဖက်ရေစာတောင် မရှိဘူး ခု ကိုကို Zuckerberg က live sale တွေရဲ့ viewer တွေကို ဘာလုပ်ချလိုက်ပြန်ပလဲ မသိပါဘူးကွယ် viewers တွေ ထိုးကျသွားလိုက်တာ အံ့တောင် ဩယူရတယ်ကြားတာတော့ အရင်လို ရောင်းချင်တိုင်းရောင်းမရတော့ဘူးဆိုလား ( တစ်ခါ) ကဲ ၃ ခါဆိုတော့ ဒါတိုက်ဆိုင်မှုမဟုတ်တော့ဘူးနောက်ဆုံးမှာ ဒို့စဉ်းစားလိုက်မိတယ် ဒို့ကို ကံကြမ္မာကြီးက အသာလေးထိုင်နေပါဟယ် ညီးဘာအလုပ်မှ မလုပ်ပါနဲ့လို့များ ကျိန်စာတိုက်ထားလေသလားကွယ် ကျွန်မရဲ့ လက်တွေ့ပုံပြင်လေးကတော့ ဒါပါပဲရှင် ပုံပြင်က အရမ်း ဟက်ထိတယ်ကွာ မျက်ရည် တစ်စက်ကျသွားတယ် ...." ဆိုပြီးရေးသားလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source & photo credit-Poe Ei Ei Khant's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။