ကမ္ဘာပေါ်မှာ ထူးဆန်ကျွန်းတွေ မြို့တွေနဲ့ နေရာပေါင်းများစွာရှိတာကို ပရိသတ်ကြီး သိမှာဖြစ်ပါတယ်။ တချို့နေရာတွေဆိုရင် လူသွားလာခွင့်ကိုတောင် ပိတ်ပင်ထားကြကာ ဘယ်သူမှဖြတ်သန်းခွင့်မပြုတဲ့ နေရာတွေများစွာရှိပါတယ်။ အဲ့လိုနေရာတွေနဲ့ပတ်သတ်ပြီး ရုပ်ရှင်ကားတွေ စာအုပ်တွေကိုလဲ ပရိသတ်ကြီး ဖတ်ဖူးမယ်လို့ထင်ပါတယ်။ ခုဆိုရင်တော့ Japan မှာရှိတဲ့ Miyake-jima ဆိုတဲ့မြို့က ရော ဘာတွေကြောင့် Gas မျက်နှာဖုံး မြို့လိုခေါ်ကြတာပါလိမ့်။ 

အဲ့မြို့ဟာဆိုရင် မီးရှင်တောင် အပေါ်မှာ တည်ရှိနေတဲ့ မြို့ဖြစ်ကာ ၂၄နာရီတစ်ရက် ပုံမှန်မဟုတ်တဲ့ sulfur dioxide တွေကို ထုတ်လွင့်လဲရှိနေတာ ၇ရက်၁ပတ်ပါပဲ။ အဲ့လိုမျိုး အစဉ်အမြဲထုတ်လွင့်နေမှာတော့ ဘယ်လိုသူတွေကများ နေနိုင်ခဲ့ကြပြီး မြို့ကိုထောင်ခဲ့ကြရတာလဲမသိဘူး...။ အဲ့လို Gas တွေအစဉ်အမြဲ ထုတ်လွင့်နေတာကြောင့် အမြဲတမ်းလိုလို မျက်နှာဖုံးတွေ တပ်ဆင်လျက်ရှိနေရပါတယ်။ ဘယ်ချိန်ထိ အဲ့လိုမျိုး Gas Mask ဝတ်ပြီးနေနိုင်မှာလဲ....။ 

အဲ့ကျွန်းပေါ်မှာရှိတဲ့ မီးတောင်နာမည်ကတော့ Mount Oyama လိုခေါ်ပြီး လွန်ခဲ့တဲ့ အနှစ်၅၀၀လောက်တုန်းက ၁၃ကြိမ်လောက် မီးတောင်ပေါက်ကွဲမှုတွေဖြစ်ပေါ်ဖူးပါတယ်။ ၂၀၀၀ခုနှစ်တုန်းကလဲ မီးတောင်ဟာပေါက်ကွဲခဲ့တာကြောင့် အဲ့ကျွန်းကို ၄နှစ်လောက်ကြာအောင် သွားရောက်ခွင့် ပိတ်ခဲ့ပါတယ်။ အဲ့မြို့ကိုတော့ ယနေ့အချိန်အခါမှာ သွားရောက်လည်ပတ်လို့ရကာ ထူးဆန်တာတွေကို လေ့လာချင်သူတွေအတွက် အဆင်ပြေပါတယ်။

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။