အဆိုတော်မလေး Jenny ကတော့ ချိုသာတဲ့အသံလွင်လွင်လေးကို ပိုင်ဆိုင်ထားသလို မျက်နှာလေးကလည်း အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ သီချင်းမြူးမြူးလေးတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုလေ့ရှိတဲ့ Jenny က လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း Jenny က သီချင်းတွေဆက်လက်ဖန်တီးရင်း သူမရဲ့အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ် ။

Photo Credit-Jenny's FB Acc
Photo Credit-Jenny's FB Acc
Photo Credit-Jenny's FB Page

ပျော်ပျော်နေတတ်တဲ့ Jenny က မိတ်ဆွေသူငယ်ချင်းပေါများသလို အနုပညာမောင်နှမတွေနဲ့လည်း အရမ်းကိုရင်းရင်းနှီးနှီးနေတတ်တာ ဖြစ်ပါတယ် ။ ထူးခြား၊ပွင့်နဒီမောင်တို့နဲ့ဆိုရင်လည်း အရမ်းခင်တဲ့ Jenny က မနေ့ကတော့ လူစုံတက်စုံနဲ့ Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။ Jenny ရဲ့Live မှာတော့ ထူးခြား၊ဟဲလေး၊စစ်သွေး၊ဆူဇီ၊ပွင့်နဒီမောင်နဲ့ အခြားသူငယ်ချင်းတွေ စုံစုံလင်လင် ပါဝင်ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Jenny's FB Acc
Photo Credit-Jenny's FB Acc
Photo Credit-Jenny's FB Acc

ပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ စကားလက်ဆုံကျနေတဲ့ Jenny တို့အဖွဲ့လေးကတော့ ထူးခြားကြောင့် ပိုပျော်ခဲ့ရတာ ဖြစ်ပါတယ် ။ ဟာသတွေပြောတတ်တဲ့ ထူးခြားက သူ့ကိုယ်သူ US Army မှာ စစ်မှုထမ်းခဲ့တယ်ဆိုပြီး ရုပ်တည်ကြီးနဲ့ ထိုင်ပြောနေတာကြောင့် အားလုံးပါးစပ်မစိနိုင်အောင် ခွီခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ အရမ်းကိုပျော်စရာကောင်းနေတဲ့ Jenny၊ ထူးခြားနဲ့ ပွင့်နဒီမောင်တို့အနုပညာရှင်တစ်စုရဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Jenny's FB Acc

Photo Credit-Jenny's FB Acc
Photo Credit-Jenny's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။