ဖြူဖြူထွေးဟာ အနုပညာနယ်ပယ်မှာ ဝေဖန်မှုကြားထဲကနေ ယုံကြည်မှုရှိရှိ အကောင်းဆုံး ကြိုးစား ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ ရိုးသားကြိုးစားမှုတွေကို ပရိသတ်တွေက ချစ်ခင်မှုတွေနဲ့ အသိအမှတ်ပြုလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo Credit - Amazing grace (Photography)
Photo Credit - Amazing grace (Photography)

ဖြူဖြူထွေးရဲ့ ချစ်စရာအပြုအမူလေးတွေကတော့ အနုပညာမှရရှိတဲ့ ငွေကြေးတချို့ကို ဘာသာရေးနဲ့ လိုအပ်တဲ့သူတွေကို တတ်နိုင်သလောက် အမြဲလှူဒါန်းပေးပါတယ်။ မကြာခဏဆိုသလို သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေအပြင် အလှူပုံလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း ပရိသတ်တွေ ကြည်နူးစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Amazing grace (Photography)
Photo Credit - Phyu Phyu Htwe fb page

ဒီဗီဒီယိုလေးတွေထဲမှာတော့ ဖြူဖြူထွေးက ငါးလေးတွေကို အစာကျွေးရင်း သူလည်းစားကာ  ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးတွေနဲ့လည်း ဖြူဖြူထွေးက "အလှူလေးကတော့ ဖြူဖြူရင်ထဲအေးချမ်းတယ်" ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ ကြည်နူးချစ်စရာ ကောင်းတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Phyu Phyu Htwe fb page

Source - Phyu Phyu Htwe fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။