သီချင်းဆိုကောင်းရုံတင်မဟုတ်ဘဲ Performance ပိုင်းမှာလည်း ပြောစရာမလိုအောင်ကို လုပ်ပြနိုင်သူကတော့ အဆိုတော် မေခလာပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ် နှစ်စုတိုင်အောင် ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်တာကြောင့်လည်း ပရိသတ်များသာမကဘဲ ဂီတမိတ်ဆွေညီအစ်ကိုမောင်နှမတိုင်းက ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- May Khalar’s Facebook Account
Photo Crd- May Khalar’s Facebook Account
Photo Crd- May Khalar’s Facebook Account

ချစ်ငယ်ဟာ Music Album ပေါင်းများစွာလည်း ထွက်ရှိခဲ့ပြီး လက်ရှိမှာလည်း ရှိုးပွဲပေါင်းများစွာတွင် သီဆိုဖျော်ဖြေနေရဆဲပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တက္ကသိုလ်ဘဝ အမှတ်တရအကြောင်းလေးကို ပြန်လည်ပြောပြလာတာပဲ ဖြစ်ပါတယ်။ " လိမ္မော်ရောင်ကျောင်းသူကနေ တက္ကသိုလ် ကျောင်းရောက်ခဲ့တဲ့ အချိန်တုန်းက ဓါတ်ပုံလေးပါ

သူများတွေလို ချစ်သူတွေနဲ့ အဓိပတိလမ်းလည်းမလျှောက်ခဲ့ရဘူး ဘူးသီးကြော် ဆိုင်ထဲ နှစ်ကိုယ်တွဲ မစားခဲ့ရဘူး

သူငယ်ချင်း၄ ယောက် အမြဲမခွဲသွားခဲ့ဖူးတဲ့နေရာလေးတွေ ချစ်သူရည်းစားဆိုတာကလည်း ချစ်ငယ်လို ရုပ်ဆိုးလေးပိန်သေး ပြားချပ်လေးကို ကြိုက်ပါ့မလားနော်(ဟီးဟီး)

Photo Crd- May Khalar’s Facebook Account
Photo Crd- May Khalar’s Facebook Account
Photo Crd- May Khalar’s Facebook Account

ဒါပေမဲ့ ပြားချပ်ချပ်လေးကို ချစ်မိ့တဲ့ ချစ်သူတစ်ယောက်တော့ရှိဖူးတယ် အခုတော့ သူလည်း မိုတားကြီး ဖြစ်လောက်ပြီ

မဖြစ်သေးဘူး တစ်ခါ ဆုံဖူးတယ် လွန်ခဲ့တဲ့ တစ်နှစ်က သစ်ပုတ်ပင်အောက် ကျောင်းပွဲမှာ သူလည်း လာတယ် ခုထိ မိုက်နေတုန်း မိုတားကြီး မဖြစ်သေးဘူး

ကျွန်မချစ်သူ ကုလားလေး ကိုရန်ကျော်နီးပါး မိုက်နေတုန်းပါ ဒါနဲ့ တစ်ခါထဲ သူတို့နှစ်ယောက်ကို မိတ်ဆွေ ဖွဲ့ ခိုင်းလိုက်တယ် ကဲ ပြီးရော ရှင်းရော

ဒီပုံထဲက သူငယ်ချင်းတွေအားလုံးသတိရတယ် လွမ်းတယ် သူတို့က ချစ်ငယ်ထက် နှစ်အနည်းငယ် လအနည်းငယ်တွေပိုကြီးလို့ မေခလာ ပဲခေါ်ကြတယ်

မေခ လို့ လည်း ခေါ်ကြတယ်

ပြန်မရနိုင်တော့တဲ့ တစ်ချိန်တုန်းက တက္ကသိုလ်ဆီ

(ဒီပုံလေးကို ပို့ပေးတဲ့ သူငယ်ချင်း ခလေးသရုပ်ဆောင် စန္ဓာလင်း ကို ကျေးဇူးတင်ပါတယ် ) " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Kha Lar’s Facebook Account 

Photo Crd- May Khalar’s Facebook Account
Photo Crd- May Khalar’s Facebook Account
Photo Crd- May Khalar’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။