တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းကို ရေပန်းစား နာမည်ကြီးခဲ့သူကတော့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ကျော်သူပဲ ဖြစ်ပါတယ်။ သူဟာ အနှစ်(၃၀) ကျော်တိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်ခဲ့တာကြောင့် အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ယနေ့ချိန်အထိ ချစ်ခင် အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

Photo Crd- Myint Myat Khin Pe’s Facebook Account
Photo Crd- Myint Myat Khin Pe’s Facebook Account
Photo Crd- Myint Myat Khin Pe’s Facebook Account

ပရဟိတမင်းသားကြီး ကျော်သူကတော့ မကြာသေးခင်က ကိုဗစ်ရောဂါတွေ့ရှိခဲ့တာကြောင့် ဆေးရုံတွင် ခေတ္တတက်ရောက်ခဲ့ရပြီး ပြန်လည်ပျောက်ကင်းသက်သာသွားတာကြောင့် အိမ်မှာဘဲ အနားယူနေတာလည်း ဖြစ်ပါတယ်။ အိမ်မှာနေရင်း ဗဟုသုတရစေမယ့် အရာလေးတွေ အချိန်ပေးကာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျော်သူကို ပြန်လည်သက်သာလာတဲ့အတွက် ထပ်တူပျော်ရွှင်နေကြတာပါ။

Photo Crd- Myint Myat Khin Pe’s Facebook Account
Photo Crd- Myint Myat Khin Pe’s Facebook Account

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ကျော်သူရဲ့ဇနီးဖြစ်သူ အန်တီရွှေဇီးကွက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူတို့ပိုင်ဆိုင်တဲ့ခြံဝန်းကျယ်ကြီးထဲမှာကြည်ကြည်နူးနူးပြုံးပျော်စွာ အနားယူနေကြတဲ့ ကျော်သူတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမကလည်း "ကိုယ့်ခြံဝန်းထဲမှာဘဲ တဝဲလည်လည်နဲ့ သာယာအဆင်ပြေအောင်နေရင်း ကိုဗစ်ကာလကို ကျော်ဖြတ်နေကြရတာပေါ့နော်။" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Myint Myat Khin Pe’a Facebook Account 

Photo Crd- Myint Myat Khin Pe’s Facebook Account
Photo Crd- Myint Myat Khin Pe’s Facebook Account
Photo Crd- Myint Myat Khin Pe’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။