တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးချော လင်းဇာနည်ဇော်ဟာဆိုရင် ယနေ့အချိန်ထိတိုင် အနုပညာလောကမှာ နာမည်ရရှိနေဆဲဖြစ်ပါတယ်။လင်းဇာနည်ဇော်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်ရင်း စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းကနေလုပ်ဆောင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်ရဲ့တစ်ဦးတည်းသောသမီးလေး မြူလင်းကိုကိုကလည်း အသက်(၂၃)နှစ်ကျော်အရွယ်ရှိနေပြီဖြစ်လို့ မေမေ့အတွက် အရမ်းအားကိုးရနေပါပြီနော်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

မြူလင်းကိုကိုက မေမေနဲ့အဒေါ်တို့နှစ်ယောက်ကို ဘေးကနေဝိုင်းကူညီပေးပြီး တိုးတက်အောင် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။မြူလင်းကိုကိုကတော့ မေမေ့လိုပဲ အရမ်းချစ်စရာကောင်းပြီး စိတ်ထားဖြူစင်သူလေးပဲဖြစ်ပါတယ်နော်။မြူလင်းကိုကိုက အနုပညာအလုပ်ကိုလည်း စိတ်ဝင်စားတာကြောင့် လက်ရှိအချိန်မှာဆိုရင် သေချာလေ့လာသင်ယူနေပြီး MTVတစ်ပုဒ်မှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

မြူလင်းကိုကိုက ဖြူဖွေးဝင်းဥနေတဲ့ အသားအရေလေးကိုပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း အရုပ်မလေးနဲ့တောင်တူပါတယ်နော်။တစ်နေ့ထက်တစ်နေ့ပိုပိုလှပနေတဲ့ မြူလင်းကတော့ အခုဆိုရင်လည်း ပါးလွှာတဲ့ဇာအင်္ကျီလေးကို ဝတ်ဆင်ထားလို့ ပိုပြီး လှသွေးကြွယ်နေတာဖြစ်ပါတယ်။မြူလင်းလေးရဲ့အလှအပတွေက လည်ပြန်ငေးရလောက်အောင် အရမ်းပေါ်လွင်နေလို့ သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

Source&Photo Credit:Myu Lin Ko Ko's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။