မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ချစ်ရတဲ့ခင်ပွန်းနဲ့အတူ တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့တဲ့ နန်းမြတ်က သားလေးမွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာလုပ်ကိုင်တော့တာ ဖြစ်ပါတယ်။

Photo Credit : Nann Myat Phyoe Thinn Facebook Account
Photo Credit : Nann Myat Phyoe Thinn Facebook Account

နန်းမြတ်ရဲ့သားလေး Jack Jack ကလည်း အရမ်းကိုချစ်စရာကောင်းတဲ့ကလေးလေး ဖြစ်ပါတယ် ။ ခု stay home ကာလလေးမှာလည်း နန်းမြတ်တို့မိသားစုလေးက အပြင်မထွက်ဘဲအိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။နန်းမြတ်က သူမရဲ့သားလေးကိုအရမ်းချစ်ပြီး အမြဲတမ်းဂရုစိုက်မှု အပြည့်အဝပေးထားတာလည်း ဖြစ်ပါတယ် ။

Photo Credit : Nann Myat Phyoe Thinn Facebook Account
Photo Credit : Nann Myat Phyoe Thinn Facebook Account

နန်းမြတ်ကတော့ သူမရဲ့လှုပ်ရှားမှုပုံလေးတွေအပြင် သားလေးရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို မကြာခဏဆိုသလိုဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ကိုယ်ဝန်ဆောင်ထားတာတောင်နုဖတ်ပြီး ပိုမိုလှနေလွန်းတဲ့ ပုံရိပ်လေးတွေကိုဖော်ပြထားရာ ချစ်စရာအရမ်းကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။

Photo Credit : Nann Myat Phyoe Thinn Facebook Account
Photo Credit : Nann Myat Phyoe Thinn Facebook Account

Source & Photo Credit : Nann Myat Phyoe Thinn Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။