ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင်၊ အဆိုတော် နန်းဆုကတော့ သူမရရှိတဲ့အနုပညာငွေကြေးလေးနဲ့ ရုပ်ရှင်လောကမှာ နှစ်ပေါင်းအတော်ကြာ လုပ်ကိုင်ခဲ့တဲ့ အမေများအဖွဲ့ကို သွားရောက်အလှူပြုလိုက်ပြန်ပါပြီ။ နန်းဆုက အပြုံးချိုချိုလေးတွေရယ်နဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေသူလေးဖြစ်သလို ဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း မြင်သူတိုင်းက အချစ်ပိုနေတာပါ။

Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account

သူမက အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပလွန်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဖြူဝင်းဥတဲ့ အသားရည်လေးရယ် သွယ်လျကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်း အားကျနှစ်သက် ချစ်ခင်နေရသူလေးဆိုလည်းမမှားပါဘူးနော်။ လူကြီး လူငယ်မရွေး အားပေးချစ်ခင်ကြတဲ့ နန်းဆုက ယနေ့မှာတော့ အလှူကြီးတစ်ခုကို ပြုလုပ်ခဲ့တာပါ။

Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account

ကတော့ နန်းဆုက " အမေများအဖွဲ့နှင့် မိတ်ဖက်မီဒီယာများကို ဆန် ,ဆီ, လက်ဆေးဆပ်ပြာ,ပန်းကန်ဆေးဆပ်ပြာ နှင့် alcohol spray များဖြင့် သဂါရဝပြုပြီး အမေများအဖွဲ့ရဲ့ ထာဝရပဒေသာပင်အတွက် အလှူငွေ ကျပ်သိန်း၂၀ လှူဒါန်းခဲ့ပါတယ် " ဆိုပြီး ရေးသားကာ အလှူပြုတဲ့ ပုံရိပ်အလှလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်...... ။

Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account

Source & Photo credit - Nansu Yati Soe's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။