ပရိသတ်ကြီးရေ ဟာသလူရွှင်တော် ဦးမိုးဒီကတော့ နေမကောင်းဖြစ်ရာကနေ ဆေးစစ်ဆေးခဲ့ရာ covid 19 ရောဂါကူးစက်ခံထားရကြောင့် ဒီကနေ့မှာ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် facebook page မှာ ကူးစက်ခံထားရကြောင်း ဖော်ပြလာခဲ့ပါတယ်။ ဝေဠုကျော်ရဲ့facebook page မှာတော့"ဟာသ သရုပ်ဆောင် မိုးဒီ covid 19 positive အဖြေထွက်....

Photo Credit - Wai Lu Kyaw fb page

ဟာသ သရုပ်ဆောင် မိုးဒီ ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က နေမကောင်းဖြစ်၍ ဒီနေ့တွင် ဧရာဝတီစင်တာ၌ ရောဂါသွားရောက်စစ်ရာတွင် positive အဖြေထွက်တယ်လို့ သိရှိရပါတယ်၊ဟာသ သရုပ်ဆောင် မိုးဒီ သည် လက်ရှိတွင် ဆီးချို၊ သွေးတိုး ၊နှလုံး ၊ ကျောက် ကပ် ရောဂါ ရှိကြောင်း သိရှိရပါတယ်၊ ဟာသ သရုပ်ဆောင်မိုးဒီ ရဲ့ လက်ရှိအခြေအနေမှာ အောက်ဆီဂျင် ရှုစရာမလိုဘဲ အသက်ရှုပိုင်းဆိုင်ရာ ကောင်းမွန်လျက်ရှိကြောင်းလည်း သိရှိရပါတယ်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

Photo Credit - Kung Kyaw fb account

ဟာသလူရွှင်တော် ဦးမိုးဒီက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို လက်ရှိမှာ ရပ်နားထားတာကို တွေ့ရပါတယ်။ အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိထားပြီး အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကဲ...ပရိသတ်တွေလည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ ဟာသလူရွှင်တော် ဦးမိုးဒီကို ကျန်းမာရေး ကောင်းမွန်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။

Photo Credit - Wai Lu Kyaw fb page

Source - Wai Lu Kyaw fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။