အကယ်ဒမီလွင်မိုးရဲ့သမီးကြီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ချစ်ခင်ပွန်းနဲ့အတူ ဩစတေးလျနိုင်ငံမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်လုံးက လူငယ်တွေလည်းဖြစ်ကြတာကြောင့် ရှေ့ဆက်ရမယ့်အနာဂတ်အတွက် တက်ကြွစွာ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။လွင်မိုးကလည်း သမီးတို့ဇနီးမောင်နှံကို အကောင်းဆုံးအကြံဉာဏ်တွေပေးပြီး ကူညီပေးနေတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit: Yunwaddy's IG Account
Photo Credit: Yunwaddy's IG Account

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံရဲ့ သားချောလေး Liamလေးကလည်း တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ကတော့ သားလေးနဲ့ Video Callပြောပြီး နေ့တိုင်းအလွမ်းသယ်နေတာဖြစ်ပါတယ်နော်။ယွန်းဝတီလွင်မိုးကလည်း ကလေးအမေလို့ထင်ရက်စရာမရှိလောက်အောင် အရမ်းလှပြီး ဆွဲဆောင်မှုအပြည့်ရှိနေတာဖြစ်ပါတယ်။

Photo Credit: Yunwaddy's IG Account
Photo Credit: Yunwaddy's IG Account

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်ရှိကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း အစ်ကိုလို၊ခင်ပွန်းလို အားကိုးရတဲ့လက်တွဲဖော်ကို ပိုင်ဆိုင်ထားလို့ အရမ်းကံကောင်းပါတယ်နော်။အခုဆိုရင်လည်း ယွန်းဝတီလွင်မိုးက ချစ်ခင်ပွန်းနဲ့အတူ သာယာ‌ကြည်နူးပြီး ပျော်ရွှင်နေတဲ့ပုံရိပ်လေးကို သူမရဲ့ IGမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Yunwaddy's IG Account
Photo Credit: Yunwaddy's IG Account

Source&Photo Credit: Yunwaddy's IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။