မိတ်ကပ်မေဦးကတော့ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေသူဖြစ်ပြီး မသိသူမရှိလောက်အောင် ရေပန်းစားနေတာ ဖြစ်ပါတယ် ။ ထူးချွန်တဲ့ကိုယ်ပိုင်အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ မေဦးက အားလုံးကိုအလှပဆုံးဖြစ်အောင် ပြင်ဆင်ခြယ်သပေးတတ်သူလည်း ဖြစ်ပါတယ် ။ မေဦးက နာမည်ကြီးအနုပညာရှင်တော်တော်များများနဲ့ အတူလက်တွဲပြီး အလုပ်တွေလုပ်ကိုင်နေရသလို အားလုံးကလည်း သူမကိုချစ်ခင်နေတာ ဖြစ်ပါတယ် ။

Photo Credit-May Oo's FB Acc
Photo Credit-May Oo's FB Acc
Photo Credit-May Oo's FB Acc

မေဦးက ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တာကြောင့် သူမရဲ့အချစ်ရေးကိုလည်း အားလုံးသိအောင် ဖွင့်ချပြထားပြီး Official တွဲနေတာ ဖြစ်ပါတယ် ။ မေဦးနဲ့ဟန်လင်းတို့စုံတွဲလေးက အရမ်းကိုလိုက်ဖက်လွန်းလို့ သူတို့နှစ်ယောက်ကို ချစ်ခင်အားပေးသူတွေကလည်း များပြားလှတာ ဖြစ်ပါတယ် ။ အခုလည်း သူတို့စုံတွဲလေးက နှစ်ယောက်ပေါင်းပြီး ဟာသဗီဒီယိုလေးတစ်ခုကို အတူရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-May Oo's FB Acc
Photo Credit-May Oo's FB Acc

ဒီဗီဒီယိုလေးမှာတော့ မေဦးက ဟန်လင်းဆီကနေ တစ်ပတ်စာစျေးဖိုးများများထွက်လာအောင်လို့ ပညာသားပါပါနဲ့တောင်းပြနေတာပဲ ဖြစ်ပါတယ် ။ မာနကြီးတဲ့အိမ်ထောင်ရှင်မကြီးပုံစံသရုပ်ဆောင်နေတဲ့ မေဦးရဲ့အမူအရာလေးတွေက အရမ်းချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ တကယ့်အိမ်ထောင်သည်စုံတွဲလို အပီအပြင် Tik Tok ဆော့ပြထားတဲ့ မေဦးနဲ့ ဟန်လင်းတို့စုံတွဲရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Han Lin's FB Page

Photo Credit-Han Lin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။