သရုပ်ဆောင် မေထွဋ်ခေါင်ကတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲ စတင်ဝင်ရောက်လာသူမို့ အခုချိန်ထိ ပရိသတ်တွေနဲ့ မစိမ်းတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ်ရှင် ဇာတ်ကားများစွာရိုက်ကူးထားရတဲ့ သူမဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ချစ်ခင်ပွန်းအပြင် သမီးလေးတစ်ယောက်၊ သားသားလေးနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူပါ။

Photo Credit - Ceasar Nyi Nyi's Facebook Account
Photo Credit - Ceasar Nyi Nyi's Facebook Account

ဒါ့အပြင် မေထွဋ်ခေါင်က ဗိုက်ထဲမှာလည်း နောက်ထပ်ရင်သွေးလေးကို လွယ်ထားရပါသေးတယ်။ နွေးထွေးတဲ့ မိသားစုဘဝလေးဖြစ်အောင် ပျိုးထောင်ပေးတဲ့ သူရဲ့ ခင်ပွန်းဟာဆိုရင်လည်း ဇနီးနဲ့ သားသမီးတွေအပေါ် ကြင်နာတတ်သူဖြစ်ပြီး အမြဲ ပျော်စရာတွေဖန်တီးပေးလေ့ရှိတာကို တွေ့ရပါတယ်။ မေထွဋ်ခေါင်ရဲ့ ဘဝလေးက တကယ်ကို ပြီးပြည့်စုံနေတာပါနော်။

Photo Credit - Ceasar Nyi Nyi's Facebook Account
Photo Credit - Ceasar Nyi Nyi's Facebook Account

မေထွဋ်ခေါင်က အိမ်မှုကိစ္စတွေနဲ့ သားသမီးတွေအပေါ်မှာလည်း ဝတ္တရားမလစ်ဟင်းသလို ဘုရားတရားကိုလည်း ကိုင်းရှိုင်းသူပါ။ ယခုလို Covid ကာလမှာတောင် မိသားစုတွေနဲ့အတူ ဘုရားအတူသွားပြီး ဝတ်ပြုနေတာဖြစ်လို့ ခင်ပွန်းဖြစ်သူက ဇနီးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ တင်ပေးလာပြန်ပါတယ်။ ပရိသတ်တွေ ကြည့်ရှုပြီး ကြည်နူးပီတိဖြစ်စေဖို့ ပြန်လည်တင်ဆက်ပေးလိုက်တယ်။

Photo Credit - Ceasar Nyi Nyi's Facebook Account
Photo Credit - Ceasar Nyi Nyi's Facebook Account
Photo Credit - Ceasar Nyi Nyi's Facebook Account

Source & Photo Credit - Ceasar Nyi Nyi's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။