ဒီဖြစ်ရပ်လေးကတော့ Philippine နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပြီး ကလေးမလေးရဲ့ နာမည်ကတော့ Asnaira ပဲ ဖြစ်ပါတယ်။

သူမဟာ အသက် 13 နှစ်အရွယ် သာရှိသေးပြီး အသက် 48 နှစ်အရွယ်အမျိုးသားနဲ့ လက်ထပ်ဖို့ အတင်းအကျပ်စေခိုင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo credit - elitereaders

အသက် 48 နှစ်အရွယ်အမျိုးသားရဲ့ နာမည်ကတော့ Abdulrzak ဖြစ်ပီး ဒီကလေးမလေးကို သူ့ရဲ့ ငါးယောက်မြောက် မိန်းမအဖြစ် လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလက်ထပ်ပွဲကို လာရောက်ဂူဏ်ပြုပေးသူတွေကတော့ မျက်နှာတွေ ပြုံးရွှင်နေကြပေမယ့် ကလေးမလေးရဲ့မျက်နှာမှာတော့ အပြုံးတွေပြောက်ဆုံးနေတာကို တွေ့ရပါတယ်။

Photo credit - elitereaders
Photo credit - elitereaders

Abdularak ကတော့ သူ့ရဲ့ငါးယောက်မြောက် မိန်းမဖြစ်တဲ့ ဒီကလေးမလေးကို သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင်ကလေးမရှိခင်အချိန်ထိ ကျောင်းကိုပို့ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒီကလေးမလေးဟာ အိမ်အလုပ်တွေလုပ်ရင်းနဲ့ သူ့ယောကျာ်းအရင်မိန်းမနဲ့ ရထားတဲ့ သူမနဲ့သက်တူရွယ်တူ ကလေးတွေကို ပြုစုစောင့်ရှောက်နေရတယ်လို့ သိရပါတယ်။

Photo credit - elitereaders
Photo credit - elitereaders

Source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။