ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံက ဆေးရုံတစ်ရုံမှာ ဖြစ်ပွားခဲ့တာပါ။

ဒီသူရဲကောင်းခွေးလေးရဲ့ နာမည်ကတော့ Matilda ဖြစ်ပီး သူဟာ မီးလောင်နေတဲ့ အဆောက်အဦးထဲ​ပြေးဝင်ပီး လူနာလေးယောက်ကို ကယ်တင်ဖို့အတွက် alarm ကို​ပြေးနှိပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - vk.com
Photo credit - vk.com

ဒီခွေးလေးနှိပ်ပေးတဲ့ Alarm ကြောင့် ကယ်တင်ပေးမဲ့သူတွေ အချိန်မီရောက်လာခဲ့ပြီး ဆေးရုံထဲမှာရှိတဲ့ လူနာလေးယောက်ဟာ မီးထဲမှာမပါသွားပဲ အသက်ချမ်းသာရာရခဲ့ပါတယ်။

ဒါပေမယ့် ခွေးလေး Matilda ကတော့ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများ မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

Photo credit - vk.com
Photo credit - vk.com

ကိုယ်ဝန်ဆောင်ခွေးလေး Matilda ဟာမီးလောင်ခံရမှုကြောင့် ဘယ်လောက်ဒဏ်ရာတွေ ရရှိခဲ့သလဲဆိုတာကတော့ ပုံတွေထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။

လူတွေရဲ့ အသက်ကိုကယ်ဖို့ ကြိုးစားရင်း မရှုမလှ ဒဏ်ရာတွေရရှိခဲ့တဲ့ ခွေးလေး Matilda လည်း ဒီဒဏ်ရာတွေကြောင့် ဘယ်လောက်တောင် နာနေလိုက်မလဲနော်.........

Photo credit - vk.com
Photo credit - vk.com

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။