နာမည်ကြီး နာဒယ်နဲ့ခါဘာတို့ရှုံးနို်မ့်သွားတဲ့ ဝင်ဘယ်ဒန်အိုးပင်း၁၆ဦးရှုံးထွက်အဆင့်

မနေ့ကကျင်းပခဲ့တဲ့ ဝင်ဘယ်ဒန်အိုးပင်း Round of 16ပွဲစဉ်တွေမှာ ပြင်သစ်အိုးပင်းစံချိန်ရှင်ချန်ပီယံ လက်ရှိပြိုင်ပွဲရဲ့ဆီဒင်ရကစားသမား ရာဖေးနာဒယ်ဟာ ဂျီးလတ်မူလာကို၃-၂ပွဲနဲ့ရှုံးနိုမ့်ခဲ့သလို အမျိုးသမီးပွဲစဉ်မှာလည်းဆီဒင်တစ်ရ အင်ဂျလီခါဘာဟာမူဂူရူဇာကို၂-၁ပွဲဖြင့်ရှုံးနိုမ့်ကာပြိုင်ပွဲကိုနှုတဆက်သွားပါပြီ

ဝေါ်ဇနီယာစကီ အာဇာရန်ကာ ရက်ဝန်စကာဟာတို့လည်း ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပါပြီ အမျိုးသားပွဲစဉ်ပွဲကျန်အဖြစ် ဂျိုကိုဗစ်နဲ့မန်နာရီနိုတို့ပွဲကိုယနေ့ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်

အမျိုးသားတစ်ဦးချင်းပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကိုအနိုင်ယူပြီးကွာတာဖိုင်နယ်ပွဲစဉ်တွေအဖြစ် အင်ဒီမာရေးနဲ့ဆမ်ကွာရေး ဂျီးလတ်မူလာနဲ့မာရင်စီလစ် ရာအိုနစ်နဲ့ဖက်ဒါရာ တို့တွေ့မည်ဖြစ်ပြီး ဘာဒစ်က လက်ကျန်ပွဲအနိုင်ရသူနဲ့တွေ့မှာပါ

အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွေမှာတော့ ပြင်သစ်အိုးပင်းချန်ပီယံ ဆယ်ကျော်သက်တင်းနစ်မယ်အော့စတာပန်ကိုဟာ ဝါရင့်ဗီးနပ်ဝီလျံနဲ့တွေ့ဆုံသွားပါတယ် အိမ်ရှင်တွေရဲ့မျှော်လင့်ချက်ဂျိုဟန်နာကွန်နာကလည်းဆီဒင်နှစ်ရဆီမွန်နာဟာလတ်နဲ့ထိပ်တိုက်တွေ့ခဲ့ပြီး မူဂူရူဇာနဲ့ကုဇညက်ဆိုဗာ ရီဘရီကိုဗာနဲ့ဖောင်ဒါဗေဟာတို့တွေ့ဆုံယှဉ်ပြိုင်သွားမှာပါ

သတင်းအရင်းမြစ် 2017 winbledon open

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။