မျိုးကိုထွန်‌းပြန်‌လည်‌ပါဝင်‌လာခြင်‌းကမြန်‌မာအသင်‌းရဲ့ကစားကွက်‌အ‌ပေါ်ဘယ်‌လိုသက်‌‌ရောက်‌မလဲ


မြန်‌မာလူငယ်‌အသင်‌းရဲ့‌လူစာရင်‌းဟာ ရန်‌ကုန်‌မိုးလိုပဲအစိုးမရ

အ‌ပြောင်‌းအလဲများလှပါတယ်‌။ မ‌နေ့က မ‌လေးရှားနဲ့‌ခြေစမ်‌းပွဲ၊အာရှယူ -၂၃‌ခြေစစ်‌ပွဲ‌တွေအတွက်‌ထုတ်‌ပြန်‌တဲ့လူစာရင်‌းမှာ နာမည်‌‌ကျော်‌တိုက်‌စစ်‌မှူးသန်‌းပိုင်‌နဲ့အစာအိမ်‌‌ရောင်‌‌

‌နေတာ‌ကြောင်‌့အနားယူ‌နေရတဲ့ရတနာပုံကွင်‌းလယ်‌လူ

မျိုးကိုထွန်‌းတို့ပြန်‌လည်‌ပါဝင်‌လာခဲ့တာကို‌တွေ့မြင်‌ရပါတယ်‌။က


မျိုးကိုထွန်‌းပြန်‌ပါလာခြင်‌းဟာမြန်‌မာလူငယ်‌အသင်‌းရဲ့

ကစားကွက်‌အ‌ပေါ်ကြီးစွာ‌သောသက်‌‌ရောက်‌မှုဖြစ်‌‌စေမှာပါ။

ရှမ်‌းယူနိုက်‌တက်‌‌တောင်‌ပံကစားသမား ရန်‌နိုင်‌ဦး‌ဆော့‌နေတဲ့

ကွင်‌းလယ်‌‌နေရာမှာမျိုးကိုထွန်‌းအစားထိုးဝင်‌‌ရောက်‌လာမှာဖြစ်‌ပြီး ရန်‌နိုင်‌ဦး‌တောင်‌ပံပြန်‌ထွက်‌ကစားဖြစ်‌ဖို့များပါတယ်‌။KBZ Bank Cupတုန်‌းကရန်‌နိိုင်‌ဦးဟာကွင်‌းလယ်‌မှာ‌ဆော့‌နေ‌ပေမယ်‌့‌တောင်‌ပံကိုထွက်‌ထွက်‌နေလို့အလယ်‌တန်‌းမှာဟာကွက်‌‌တွေဖြစ်‌ခဲ့ရပါတယ်‌။‌အောင်‌သူဆီသွားတဲ့‌ဘောလုံး‌တွေဟာလည်‌းရန်‌နိုင်‌ဦးဆီကထွက်‌တာမို့ရန်‌နိုင်‌ဦး‌ပျောက်‌သွားရင်‌၊မြန်‌မာအသင်‌းတိုက်‌စစ်‌‌သေသွားတာမျိုးဂျပန်‌နဲ့ပွဲမှာဖြစ်‌ခဲ့ပါတယ်‌။

မျိုးကိုထွန်‌းပြန်‌လည်‌ပါဝင်‌လာခြင်‌းဟာ ဒီပြဿနာကို‌ဖြေရှင်‌းပြီးသားဖြစ်‌‌သွား‌စေမှာပါ။

မျိုးကိုထွန်‌း၊လှိုင်‌းဘိုဘိုကွင်‌းလယ်‌၊စည်‌သူ‌အောင်‌၊ရန်‌နိုင်‌ဦး၊မောင်‌‌မောင်‌လွင်‌‌တောင်‌ပံ၊‌ရှေ့မှာ‌အောင်‌သူအ‌ထောင်

ဖြစ်‌ဖို့များပြီး‌ခြေစွမ်‌းပြ‌နေတဲ့‌‌အေရာဝတီ‌တောင်‌ပံကစားသမား

ရန်‌ပိုင်‌စိုး‌နေရာ‌ပျောက်‌သွားနိုင်‌ပါတယ်‌။မျိုးကိုထွန်‌းက‌တော့ဒီ‌နေရာမှာအ‌ကောင်‌းဆုံးကစားနိုင်‌တယ်‌လူတစ်‌‌ယောက်‌ဆိုတာသက်‌‌သေပြစရာမလိုပါဘူး။

သူ‌နေ‌ကောင်‌း‌နေပြီးပုံမှန်‌‌ခြေပြန်‌ရမယ်‌ဆိုပိုမိုအား‌ကောင်‌းတဲ့

မြန်‌မာလူငယ်‌အသင်‌းရဲ့အလယ်‌တန်‌းစုဖွဲ့မှုကိုပရိသတ်‌ကြီး

မြင်‌ရမှာအ‌သေအချာပါပဲ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။