ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံထဲဝင်ခွင့်ပေးဖို့ အမေရိကန်သံအမတ်တောင်းဆို

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမျိုးနွယ်စုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေသလားဆိုတာလေ့လာဖို့ဖွဲ့စည်းထားတဲ့အဆိုပါအဖွဲ့ကို ဝင်ခွင့်ပေးဖို့အမေရိကန်သံအမတ်နစ်ကီဟေလီကတောင်းဆိုလိိုက်တာပါ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်မစ္စယန်းဟီးလီ မြန်မာနိုင်ငံကိုရောက်ရှိနေချိန်မှာပဲ အခုလိုအမေရိကန်ထိပ်တန်းသံတမန်ကတောင်းဆိုလိုက်တာပါ

မစ္စဟေလီရဲ့ထုတ်ပြန်ချက်ထဲမှာ မြန်မာအစိုးရအနေနဲ့အဆိုပါအဖွဲ့နှင့်အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ နှင့် နိုင်ငံတကာအနေနဲ့မြန်မာပြည်မှာဖြစ်ပေါ်နေတာတွေကိုလစ်လျူရှုထားလို့မရကြောင်း ဖော်ပြထားပါတယ် ဒါကြောင့်အဆိုပါအဖွဲ့မြန်မာနိုင်ငံထဲလက်ခံဖို့ငြင်းဆိုထားတဲ့မြန်မာအစိုးရအပေါ်ဖိအားပိုမိုသက်ရောက်ခဲ့ပါတယ်

မြန်မာအစိုးရအနေနဲ့ လက်ရှိပြည်တွင်းအခြေအနေနဲ့ မကိုက်ညီတဲ့အတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ကိုဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့တရားဝင်ပြောဆိုထားပြီး မစ္စယန်းဟီးလီရဲ့ ခရီးစဉ်ဟာလည်းအဆိုပါအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တာဝန်နဲ့ပတ်သက်ခြင်းမရှိရဘူးလို့ကနဦးကတည်းကကြိုတင်သတိပေးပြောဆိုထားတာပါ

ဖေဖော်ဝါရီလကထုတ်ပြန်တဲ့ကုလသမဂ္ဂအစီရင်ခံစာတွေထဲ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်တာတွေဟာစစ်ရာဇဝတ်မှုမြောက်ဖို့ အင်မတန်ဖြစ်နိုင်ချေရှိတယ်လို့ပါဝင်ခဲ့တဲ့နောက် ပုဂ္ဂိုလ်၃ဦးပါအဆိုပါအဖွဲ့ကို ဂျီနီဗာအခြေစိုက်လူ့အခွင့်အရေးကောင်စီကမေလထဲမှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်

သတင်းအရင်းမြစ် BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။