တောင်ကိုရီးယားနိုင်ငံက Dota 2 team တစ်ခု​ဖြစ်တဲ့ T1 ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က အသင်းရဲ့ roster update ကိုကြေညာခဲ့ပါတယ်။

T1 ကြေညာခဲ့တာကတော့ အသင်းက players တွေဖြစ်တဲ့ Jhocam , inYourdreaM တို့နဲ့ တရားဝင်လမ်းခွဲခဲ့တဲ့အပြင် coach ဖြစ်သူ MP နဲ့ပါ လမ်းခွဲခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် T1 အနေနဲ့ သိပ်မကြာခင်မှာ သူတို့ရဲ့ roster အသစ်ကိုကြေညာသွားဖို့ရှိနေပီး ဘယ်သူတွေကို ခေါ်ယူသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

လက်ရှိ T1 ရဲ့ ကျန်ရှိနေတဲ့ roster ကတော့

​Po 2- Karl

Po 3- Sam_H

Po 5- Poloson

Coach - March

တို့ပဲဖြစ်ပါတယ်။

အသင်းရဲ့ roster ကိုပြန်လည်ပြင်ဆင်နေတဲ့ T1 အနေနဲ့ သိပ်မကြာခင်မှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်ထွက်ပေါ်လာမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Source - T1 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။