ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသမီး ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေးဖြစ်တဲ့ အဆိုတော် G ကို အားလုံးသိကြမယ်ထင်ပါတယ်။ G က မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုပြိုင်ပွဲကြီးဖြစ်တဲ့ "The Voice Myanmar" မှာ ဝင်ရောက်ယှဥ်ခဲ့ကာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့သူပဲ ဖြစ်ပါတယ်။ G ကတော့ အမြဲလွတ်လပ်ပေါ့ပါးစွာနဲ့ ဟန်ဆောင်မှုကင်းကင်း ကလေးလေးတစ်ယောက်လို နေတတ်တဲ့ သူပဲဖြစ်ပါတယ်။

Photo Credit-"G Vocals" FB Page
Photo Credit-"G Vocals" FB Page

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့အပြင် ကိုဗစ်ကာလ Second Wave ကနေစပြီး လူမှုရေးအကျိုးပြုပရဟိတအလုပ်တွေမှာ Positive လူနာတွေနဲ့ ထိစပ်သူတွေကို ကားမောင်းပို့ပေးနေတာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို G က သူ့ရဲ့ ပရိသတ်တွေအတွက် နေ့စဥ်လှုပ်ရှားမှု လေးတွေကိုဖော်ပြပေးပါတယ်။

Photo Credit-"G Vocals" FB Page
Photo Credit-"G Vocals" FB Page

ယခုအခါမှာလည်း G က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ G က တွံတေးမြို့လေးကို ရောက်နေတုန်းလေးမှာ သူမရဲ့ အဖွဲ့သားတွေနဲ့ ပျော်ပျော်ပါးပါး မောင်းထောင်းကျင့်နေတာကို ရိုက်ထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ မောင်းထောင်းလေ့ကျင့်နေတဲ့ G ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit-"G Vocals" FB Page

Video Credit & Source - "G Vocals" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။