အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေနဲ့ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ချစ်စရာသမီးလေးနဲ့အတူ ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ အဆိုတော်သရုပ်ဆောင်စန္ဒီမြင့်လွင်ပါပဲ..။

ဂီတလောကအဆိုပိုင်းမှာ အမိုက်စားသီချင်းလေးတွေနဲ့ အောင်မြင်နေတဲ့ ဒီးဒီဟာ သီချင်းကောင်းလေးတွေများစွာထွက်ရှိထားပြီး သူမရဲ့သီချင်းလေးတွေဟာလည်း လူငယ်မိန်းကလေးပရိသတ်တွေကြား ရေပန်းစားနေတာလည်း တွေ့မြင်ရပါတယ်နော်..။

Photo Credit - Sandy Myint Lwin's Fb Acc
Photo Credit - Dior By Heart

ဒီးဒီရဲ့ ချစ်စရာသမီးလေး Treasure လေးကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာပြီး ပါးပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းလို့ အားလုံးက ချစ်ခင်နေကြတာပါနော်..။

ကြင်နာတတ်တဲ့ ခင်ပွန်းသည်အပြင် ချစ်စရာသမီးလေးနဲ့ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ မိသားစုပုံရိပ်လေးတွေကိုလည်း အမြဲဝေမျှတတ်ပါတယ်နော်..။

Photo Credit - Sandy Myint Lwin's FB Acc
Photo Credit - Sandy Myint Lwin's IG Acc

လည်လွန်းတတ်လွန်းနေပြီဖြစ်တဲ့ Treasure လေးကတော့ ဒီကနေ့လေးမှာလည်း သားအမိနှစ်ယောက် Live လွှင့်နေရင်း ချစ်စရာပုံစံလေးတွေ အမျိုးမျိုးလုပ်ကာ အချစ်ပိုစေပြန်ပါတယ်နော်..။

မနက်အစောကြီးနိုးနေတဲ့ Treasure လေးနဲ့အတူ IG Acc မှာ သားအမိတွေ Live လွှင့်ရင်း Traesure လေးရဲ့အကြောင်းလေးတွေအပြင် သူမရဲ့ သီချင်းအသစ်လေးအကြောင်းကိုလည်း ဒီးဒီကပြောပြထားတာမို့ ေီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Sandy Myint Lwin's IG Acc
Photo Credit - Sandy Myint Lwin's IG Acc

Source & Photo Credit - Sandy Myint Lwin's IG Acc & Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။