အဆိုတော် ချစ်ကောင်းရဲ့သားလေး ဂျူနီယာချစ်ကောင်းကတော့ ဂီတလောကမှာ လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ် ။ သီချင်းတွေပါ ထွက်ရှိအောင်မြင်နေပြီဖြစ်တဲ့ ဂျူနီယာချစ်ကောင်းက အဖေနဲ့အစ်မတို့ရဲ့ခြေရာကို အမှီလိုက်နိုင်သူလေး ဖြစ်ပါတယ် ။ ချစ်ကောင်းနဲ့အိမ့်ချစ်တို့ကလည်း ဂျူနီယာချစ်ကောင်းကို မြေတောင်မြှောက်ပေးပြီး အတူတူလက်တွဲခေါ်ကာ ဝန်းရံပေးနေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc

ဂျူနီယာချစ်ကောင်းကတော့ အမြဲတမ်းရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်ပြီး သူ့ရဲ့အကြောင်းတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏတင်လေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ဂျူနီယာချစ်ကောင်းက အစ်မဖြစ်သူအိမ့်ချစ်ဆီကနေ မောင်နှမအချင်းချင်း ဂျင်းထည့်ခံလိုက်ရတဲ့အကြောင်းကို ပြောပြလာတာ ဖြစ်ပါတယ် ။ ဂျူနီယာချစ်ကောင်းရဲ့အဖြစ်ကတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်ခဲ့ရပြီး ရယ်ရခက်ငိုရခက် ဆိုသလိုပါပဲနော်။

Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc

ဒီအကြောင်းကို ဂျူနီယာချစ်ကောင်းက "ကျွန်တော့်အစ်မပေါ့ဗျာ ဘန်ကောက်ကနေ ပစ္စည်းတွေပို့တုန်းက Fender telecaster ထည့်ပေးလိုက်တယ်ဆိုလို့ အူမြူးနေတာ.....Cargo သွားရွေးတော့လည်းမေးလိုက်သေးတယ် guitar တစ်လုံးမပါလာဘူးလားဗျာဆိုတော့ မပါဘူးတဲ့....အဲ့တာနဲ့ ပို့ဖို့ကျန်ခဲ့တာမှတ်လို့....အိမ်ရောက်လို့ အထုတ်ဖွင့်ကြည့်လိုက်မှ Fender telecaster ဆိုတာ အင်္ကျီဖြစ်နေတယ် မောင်နှမချင်း ဂျင်းထည့်ခံရတယ်ဆိုတာ ဒါမျိုး" ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဂျူနီယာချစ်ကောင်းတို့မောင်နှမရဲ့ရယ်စရာအဖြစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Junior Chit Kaung's FB Acc 

Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc
Photo Credit-Junior Chit Kaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။