အရှေ့လန်ဒန်ရှိ Wapping အထက်တန်းကျောင်းအပြင်မှာ ရဲအရာရှိတစ်ဦးက ၁၃ နှစ်အရွယ် ကိတ်လင်းမာဖီကင်းကို အတင်းအကျပ် လက်ထိတ်ခတ်တဲ့ ဗီဒီယိုဖိုင်ထွက်ရှိလာပြီးတဲ့နောက် မြို့တော်ရဲတပ်ဖွဲ့မှာ ရက်စက်ကြမ်းကြုတ်စွာ ပြုမူတယ်လို့ စွပ်စွဲပြောဆိုခံနေရပါတယ်။

အဆိုပါကျောင်းသူလေးရဲ့ အမြွှာညီမက ယင်းဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တာဖြစ်ပြီး  Bethnal Green Academy ကျောင်းက တခြားကျောင်းသူကျောင်းသားတွေကို ပြသခဲ့ပါတယ်။

ရန်ပွဲတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ Wapping အထက်တန်းကျောင်းကို  ရောက်လာတဲ့ ကိတ်လင်းကို ယင်းကျောင်းမှာ တက််နေတဲ့ အသက် ၁၆ နှစ်အရွယ်ကျောင်းသူတစ်ဦးက မိန််းမပျက်လို့ ခေါ်ပြီး ကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသူချင်းရန်ဖြစ်တဲ့ ကိစ္စကို မလိုအပ်ဘဲ အင်အားသုံးပြီး ဖြေရှင်းခဲ့တဲ့အတွက် ကိတ်လင်းရဲ့မိသားစုက ရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန််ခဲ့ပြီး  Independent Police Complaints Commission ကလည်း ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။