အရုပ်မလေးတစ်ယောက်လို ချစ်စရာကောင်းသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားခေတ်မှစတင်ပြီး ယနေ့ချိန်ထိတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်မျှော်အားပေးနေကြတာပါ။
ဖက်ရှင်အလှဘုရင်မလို့ တင်စားထားရတဲ့ ကစ်ရဲ့အလှကတော့ အမြဲလိုလိုအများနဲ့မတူ ထူးထူးခြားခြား ဖြစ်နေခဲ့ပါတယ်။ကစ်ကတော့ အလုပ်တွေကြိုးစားလုပ်ကိုင်သလို အလှူတန်းတွေဆိုလည်း အမြဲလိုလိုပါဝင်ကူညီတတ်တဲ့စိတ်လေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာလည်းဖြစ်ပါတယ်။
လတ်တလောမှာလည်း သူမကိုယ်တိုင်သေသေချာချာ ချုပ်ထားတဲ့ Mask လေးတွေကို လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းခဲ့ကြောင်းကို "Stay at Home မှာ ကစ် Team နဲ့ အတူတူ ကစ် ကိုယ်တိုင် Mask လေးတွေ ချုပ်ပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖြစ်ပါတယ်။ စက်မချုပ်တတ်ပေမယ့် သေချာလေး ကြိုးစားပြီး ချုပ်ထားပါတယ်။ ကစ်နာမည်လေးလည်း ပါတော့ အမှတ်တရပေါ့...ကစ်က ကစ် ချစ်ရတဲ့ ပရိတ်သတ်ကြီးနဲ့ အတူတူ ပိုပြီး ဆက်သွယ်လို့ ရအောင် YouTube Channel လေး ဖွင့်လိုက်တယ်နော်... ကစ် ရဲ့ Activities လေးတွေ Up to date သိရဖို့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးပါဦး.... "ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။
Source & Photo Credit : Wutt Mhone Shwe Yi Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။