ဖိလစ်ပိုင် Cat Walk King လို့အားလုံးကအသိအမှတ်ပြုထားကြတဲ့ Sinon Loresca ကတော့ မြန်မာပရိသတ်တွေနဲ့ အတော်လေးရင်းနှီးနေတဲ့သူ ဖြစ်ပါတယ် ။ Sinon က အလုပ်ကိစ္စနဲ့မြန်မာပြည်ကို လာရောက်ရင်းကနေ တဖြည်းဖြည်းနဲ့ အချိန်အတော်ကြာအောင် နေထိုင်လာခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် Sinon က ကြော်ငြာတွေလည်းရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားကြီးမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page

Sinon က ကြင်နာသနားတတ်တဲ့စိတ်ထားကောင်းရှိသူလည်းဖြစ်ပြီး အလှူအတန်းနဲ့ပတ်သက်ရင် အင်မတန်ရက်ရောလေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မြန်မာပြည်မှာရှိတဲ့ပရိသတ်တွေက Sinon ကို လေးစားချစ်ခင်ပြီး ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း Sinon က ခေါင်မိုးပေါ်တက်ကာ အမိုက်စား Shooting တစ်ခုကိုရိုက်ကူးရင်း အလွဲတွေဖြစ်ခဲ့ရတဲ့ သူ့ရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page

Sinon က နေခြစ်ခြစ်တောက်ပူနေတဲ့အချိန်ကြီးမှာ ခေါင်မိုးပေါ်တက်ပြီး စတိုင်လ်အပြည့်နဲ့ထိုင်ကာ ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ် ။ Underwear လေးသာဝတ်ထားတဲ့ Sinon ကတော့ ခေါင်မိုးရဲ့အပူရှိန်ကြောင့် အရမ်းပူလွန်းလို့အော်ပြီး တလိမ့်လိမ့်နဲ့ ပြန်ဆင်းခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး အူတက်အောင်ခွီနေရတဲ့ Sinon Loresca ရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sinon Loresca's Tik Tok Acc

Photo Credit-Sinon Loresca's FB Page
Photo Credit-Sinon Loresca's FB Page
@sinonloresca

Hahahaha##fyp ##foryourpage ##kingofcatwalk ##tiktokmyanmar ##sinonloresca ##tiktokthailand ##tiktokcambodia ##foryou ##tiktokphilippines /p> original sound - therealsinonloresca

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။