သရုပ်ဆောင်ပညာကို ကောင်းမွန်စွာတက်မြောက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးလေ့ရှိတဲ့ နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးပါ။ သူမက အနုပညာလောကထဲကို beauty blogger တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်အချစ်တွေကို အချိန်ခဏလေးအတွင်း ရရှိခဲ့တဲ့သူပါ။


သူမရဲ့ အလှအပတွေကို ပရိသတ်တွေက အားကျအချစ်ပိုနေတာဖြစ်ပြီး နေခြည်ကလည်း အမြဲ အသစ်အဆန်းတွေကို လုပ်ပြလေ့ရှိတာပါ။ ခွဲစိတ်မှုတွေလည်း ခဏခဏပြုလုပ်လေ့ရှိတဲ့ နေခြည်ဦးရဲ့ မျက်နှာလေးဟာဆိုရင် ကြွေရုပ်လေးလို ပြစ်ချက်မရှိလှပတာပါ။ ယနေ့မှာဆိုရင်တော့ နေခြည်က stay home ကြောင့် ပြည့်ဖောင်းလာတဲ့ မျက်နှာလေးနဲ့ အသည်းယားစရာကောင်းလွန်းနေတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။


အိုက်တင်တွေကလည်း ပီပြင်ကောင်းမွန်ပြီး အမိုက်စားရိုက်ကူးထားတဲ့ နေခြည်ဦး ရဲ့ ဗီဒီယိုလေးတွေက ကြည့်မိသူတိုင်းရဲ့ အကြည့်တွေကို ဖမ်းစားထားနိုင်မှာ အသေအချာပါ။ ပရိသတ်တွေကလည်း နေခြည်ဦးရဲ့ ဗီဒီယိုလေးတွေကို အကြိုက်တွေ့စေမယ်လို့ ယူဆတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ သူမရဲ့ဆက်လက်လှုပ်ရှားမယ့် အနုပညာဖန်တီးမှုတွေကို ပရိသတ်တွေက အားပေးလိုက်ကြပါဦးနော်..... ။

Photo credit - Nay Chi Oo's Facebook Account
Source - Nay Chi Oo's Facebook Account
@naychioo Current Mood ##fyp
original sound - devyn
@naychioo Therefore, you dont know ##fyp ##foryoupage ##naychioo ##tiktokmyanmar
Therefore I Am - Billie Eilish
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။