ပရိသတ်ကြီးရေ မင်းသား စိန်ဖြိုးလှိုင်ကတော့ တစ်ခေတ်တခါက 'မောင်'ဆိုတဲ့ နာမည်နဲ့ အနုပညာလောကမှာ အောင်မြင်လာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ စိန်ဖြိုးလှိုင် ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို များစွာရိုက်ကူးထားကာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူက အနုပညာအလုပ်မှာလည်း အောင်မြင်လာသလို ပညာရေးပိုင်းမှာလည်း ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit - SEIN PHYO & Yi fb page
Photo Credit - SEIN PHYO & Yi fb page

စိန်ဖြိုးလှိုင် က မင်းသမီးချောလေး ရီရီပွင့်ဖြူ နဲ့လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အတွဲလေးပဲဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ ယခုမှာတော့ စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူ တို့က ပရိသတ်တွေအလွမ်းပြေ live လေးလွှင့်ခဲ့ပါတယ်။

Photo Credit - SEIN PHYO & Yi fb page
Photo Credit - SEIN PHYO & Yi fb page

ဒီ live လေးထဲမှာတော့ စိန်ဖြိုးလှိုင် နဲ့ရီရီပွင့်ဖြူ တို့ချစ်သူနှစ်ဦးက ပရိသတ်တွေမေးသမျှလေးတွေကို ပြန်ဖြေပေးနေပြီး တစ်ယောက်နဲ့တစ်ယောက် စနောက်ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် စိန်ဖြိုးလှိုင် က ချစ်သူလေးရဲ့ပခုံးလေးကိုဖက်ပြီး ပရိသတ်တွေကိုစကားပြောနေတာလေးက ချစ်စရာကောင်းလောက်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ ချစ်စရာကောင်းနေတဲ့ စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူ တို့ရဲ့ live ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - SEIN PHYO & Yi fb page

Video Credit & Source - SEIN PHYO & Yi fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။