ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို သူမရဲ့အမိုက်စား အသံချိုချိုအေးအေးလေးအပြင် သီချင်းကောင်းလေးတွေနဲ့ အခိုင်အမာသိမ်း ပိုက်ထားသူလေးကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်နော်။ ပင်ကိုယ်အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ပိုပိုကတော့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်လည်း ဖန်တီးရေးစပ်တတ်ပြီး လူငယ်ပရိသတ်တွေကြား အမြဲရေပန်းစား အောင်မြင်နေတာပါပဲဖြစ်ပါတယ်။
အဆိုတော်မလေး ပိုပိုကတော့ ဂီတပိုင်းမှာ ပရိသတ်တွေရင်ထဲ နေရာယူထားနိုင်သလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုတွေရှိလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့လည်း အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်။ ပိုပိုဟာ သီချင်းအသစ်တွေလည်း ကြိုးစားဖန်တီးနေတာဖြစ်ပြီး music videoတွေမှာလည်း ကိုယ်တိုင်၀င်ပြီးသရုပ်ဆောင်နေတာ တွေ့ရပါတယ်။ အလှူအတန်းလည်း လက်မနှေးတဲ့ပိုပိုဟာ မကြာခဏဆိုသလိုလည်း သူမရဲ့လှုပ်ရှားမှာပုံရိပ်လေးတွေကို social networkမှာတင်ပေးတတ်ပါတယ်။
ဒါ့ပြင်ပိုပိုဟာ Tik tokဗီဒီယိုလေးတွေကိုလည်း သူများနဲ့မတူအောင်ဆော့တတ်တာလည်းဖြစ်ပြီး ချစ်စရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုရရှိနေတာပါ။ မကြာသေးမီကလည်း ပိုပိုဟာ သူမရဲ့ Tik tok accလေးမှာ အပါးသားညအိပ်အင်္ကျီလေးနဲ့ အိပ်ယာလေးထက်မှာချစ်စရာကောင်းအောင်ရိုက်ထားတဲ့ ဗီဒီယိုလေးတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source& video credit-Po Po's Tik tok acc
Photo credit-Po Po's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။