ဇာတ်ကားတွေများစွာရိုက်ကူးကာ အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားတဲ့ ထက်ထက်မိုးဦးကတော့ ကြော်ငြာတွေမှာလည်း လူသိများအောင်မြင်လို့ ကြော်ငြာဘုရင်မအဖြစ် အားလုံးက တင်စားထားကြသူလေးပါပဲ..။

ထက်ထက်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေပြန်လည်လုပ်ဆောင်နေသလို အွန်လိုင်းကနေ တန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ အိမ်ရာတွေအပြင် ကားတွေကိုပါ Live လွှင့်ပြီး ရောင်းချပေးကာ အောင်မြင်နေပေမယ့် လတ်တလော ကျန်းမာရေးကြောင့် အလုပ်တွေကို ခေတ္တရပ်နားထားရမာ့်အကြောင်း ပြောပြလာပါတယ်နော်..။

Photo Credit - Htet Htet Moe Oo's Fb Page
Photo Credit - Htet Htet Moe Oo's Fb Page

"ထက်Live ကို ၂ ရက်နားပါတယ်။

အလုပ်လုပ်နေရရင်၂ရက်ဆိုတာ ခဏလေးပါပဲ။ ကျန်းမာရေးကြောင့် နားနားပြီး လုပ်ပါလို့ ဆရာဝန်က ပြောထားလို့သာ နားနေရတာ ထက်တော့ ချစ်ရတဲ့အသက်တွေ နဲ့ နေ့တိုင်းစကားတွေ ပြောချင်တာရယ်။.." ဆိုပြီး ကျန်းမာရေးကြောင့် အလုပ်တွေ ခဏရပ်နားထားရမယ့်အကြောင်းလေးကို ထက္က ပြောပြထားတာပါနော်..။

ထပ်မံပြီးတော့လည်း "နားနေတဲ့ ၂ ရက်အတွင်းမှာ ထက်ချစ်ရသူတွေကို ထက်အကြောင်းတွေ ပြောပြချင်လို့ စာတချို့ရေးမယ်နော်။ ထက်ကလေ စာရေးဆရာ မဟုတ်တာမို့တစ်ခုခုမှားရင် ချစ်တဲ့စိတ်ကလေးနဲ့ သည်းခံပေးနော်။ ထက်ရေးမယ့် စာခေါင်းစဉ်ကို

"မှုံရွှေရည် မှသည် အကယ်ဒမီထက်ထက်မိုးဦး"

ဆိုပြီး စဉ်းစားထားပါတယ် ။ အများကြီးတော့ တစ်ရက်ထဲဘယ်ရေးပြီးပါ့မလဲနော် နည်းနည်း နဲ့ စာတွေ ရေးပေးသွားမယ်နော်.." ဆိုကာ ချစ်ရတဲ့ပရိသတ်တွေအတွက် သူမရဲ့ ဘဝဇာတ်ကြောင်းလေးကို ပြောပြဦးမယ့်လို့ ဆိုပါတယ်နော်..။

Photo Credit - Htet Htet Moe Oo's Fb Page
Photo Credit - Htet Htet Moe Oo's Fb Page

"ထက်ချစ်ရတဲ့သူတွေ အားလုံးအတွက် မနေ့က အလှူတစ်ခု လုပ်ခဲ့ပါတယ်။ အလှူမှာ ပါဝင်ပေးတဲ့ Nice Food ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် ။အားလုံး အလှူမို့ ချစ်ရသူတွေလည်း ကုသိုလ်ရအောင် တင်ပေးလိုက်ပါတယ်.." ဆိုပြီး အလှူလေး လုပ်ခဲ့တဲ့ ကုသိုလ်လေးကိုလည်း ဝေမျှထားပါသေးတယ်နော်..။

ထက်ရဲ့ ချစ်ပရိသတ်တွေကတော့ ထက်ကို အမြန်ဆုံးနေပြန်ကောင်းပြီး အလုပ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် မြင်ချင်တဲ့အကြောင်းလေးတွေအပြင် သူမရဲ့အလှူလေးကိုလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ဆိုထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Htet Htet Moe Oo's Fb Page
Photo Credit - Htet Htet Moe Oo's Fb Page

Source & Photo Credit - Htet Htet Moe Oo's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။